Thursday, July 2, 2026

တရုတ်၊ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို...

မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးဖြစ် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

ဒလနှင့် ဒဂုံတောင်တွင် မီတာခိုးသုံးမှုများနှင့် ဓာတ်အားလေလွင့်မှု...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မြင့်မားနေခြင်းနှင့် မီတာဖတ်ရှုခြင်းလုပ်ငန်းစဉ်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်နေ့တွင်...

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဟုဆိုဒေသခံများ၏...

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့်လည်း မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို...

တောင်အာဖရိကတစ်ဝန်း ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွား

တောင်အာဖရိကနိုင်ငံရှိ မြို့ကြီးများအနှံ့တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ ထွက်ခွာစေရေး တောင်းဆိုသည့် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ကြရာ...
HomeNewsLocal Newsကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲမည်၊...

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲမည်၊ မိတ္ထီလာမြို့နယ်တွင် Pilot Project အဖြစ် စတင်အကောင်အထည်ဖော်မည်

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းစီမံချက်ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောကြားသည်။

ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် စီမံချက်ကို အကောင်အထည်ဖော်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်လုံး၌ တစ်ပြိုင်နက် ဆောင်ရွက်ရန် မလွယ်ကူသေးသဖြင့် မိတ္ထီလာမြို့နယ်ကို Pilot Project အဖြစ် ရွေးချယ်ကာ စတင်ဆောင်ရွက်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၊ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်မည်

မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးဖြစ် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတွင် မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းလေ့လာမှု ပြီးစီးသွားပြီဖြစ်ပြီး စီမံကိန်းစတင်အကောင်အထည်ဖော်ရန် အသင့်အနေအထားသို့...

ဒလနှင့် ဒဂုံတောင်တွင် မီတာခိုးသုံးမှုများနှင့် ဓာတ်အားလေလွင့်မှု မြင့်မားနေခြင်းကို YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မြင့်မားနေခြင်းနှင့် မီတာဖတ်ရှုခြင်းလုပ်ငန်းစဉ်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာ၌ YESC ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်ပြီးနောက် မီတာစာရေးများနှင့် ဝန်ထမ်းများကို တွေ့ဆုံကာ ဇူလိုင် ၁ ရက်မှ ၅ ရက်အတွင်း မီတာအားလုံး အပြီးသတ်ဖတ်ရှုရန်နှင့် မီတာခကြွေးကျန်များ ပြည့်ဝစွာကောက်ခံရန် ညွှန်ကြားခဲ့သည်။ အထူးသဖြင့် ဓာတ်အားလေလွင့်မှု ၃၈% အထိ မြင့်တက်နေသည့် ၃၃/၁၁...

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဟုဆိုဒေသခံများ၏ စိုးရိမ်မှုများကို ပညာရှင်များဖြင့် ဆန်းစစ်ပြီး ရလဒ်တရားဝင်ထုတ်ပြန်မည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့်လည်း မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ပညာရှင်များဖြင့် အသေးစိတ်ဆန်းစစ်သုံးသပ်ကာ ရလဒ်များကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၀၃၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071