Tuesday, April 21, 2026

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...
HomeNewsLocal Newsအာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး...

အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး လူသို့ လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိသော်လည်း မိမိတို့ မွေးမြူထားသော ဝက်များကို အဆိုပါ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့တွင် အသိပေးနှိုးဆော်ထားသည်။

တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်‌ေ-သဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန် အသိပေးထားသည်။

ယနေ့ အသိပေးနှိုးဆော်ချက်အရ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊ ဝက်ခြံများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ဝက်များကို စားသောက်ဆိုင်နှင့်အိမ်များမှစားကြွင်း စားကျန်များ ကျွေးမွေးခြင်းမပြုရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ကန့်သတ်ရန်၊ အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်စသည့် အချက်များကို အသိပေးထား သည်။

အလားတူ ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကိုဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူထည့်သွင်းမွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊ တောဝက်နှင့်အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲရုတ် တရက်‌ေ-သဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်စသည်တို့ကို နှိုးဆော်အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂ နာရီခန့်ကြာချိန်တွင် မီးထိန်းနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071