Sunday, August 2, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeNewsLocal Newsအာဆီယံအထူးကိုယ်စားလှယ် မြန်မာကို လာမည်

အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို လာမည်

အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို လာမည်

ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် မတ်လ ဒုတိယအပါတ်ထဲ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်က ၎င်းအနေဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မတ်လ ဒုတိယအပါတ်ထဲ မြန်မာနိုင်ငံသွားမည်ဟု ပြောဆိုထားသည်။

နစကဘက်က အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမှုရင်ဆိုင်နေရသူများမှအပ နိုင်ငံရေးပါတီများအပါအဝင် အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ပြုမည်ဟု အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့ထံ အသိပေးထားကြောင်းလည်းသိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို လက်ခံထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်တို့ဘက်ကမူ နစကအကြီးအကဲအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ယင်းအပြင် NUGတို့နှင့်ပါ တွေ့ဆုံခွင့်ရရန်ကြိုးပမ်းနေသည်ဟု နိုင်ငံတကာမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေထဲက တရားဥပဒေအတိုင်းပဲ ဆက်လက် တည်ရှိနေတဲ့လူတွေနဲ့ ကျွန်တော်တို့ အရင် သံတမန်တွေ လာတုန်းကလည်း တွေ့ဆုံခွင့် ပေးနေကျပါ။ ဒါတွေကတော့ ကျွန်တော်တို့က တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုကို ဖြေကြားထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအကဲခတ်အချို့က မြန်မာနိုင်ငံရေးနှင့် ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးကြသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှ ရမည်ဟု မှတ်ချက်ပြုထားကြသည်။

Zaw Gyi

အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာကို လာမည္

ကေမာၻဒီးယားႏိုင္ငံဒုတိယဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္သည့္ အာဆီယံအထူးကိုယ္စားလွယ္သည္ လာမည့္ မတ္လ ဒုတိယအပါတ္ထဲ ျမန္မာႏိုင္ငံသို႔လာေရာက္မည္ျဖစ္သည္။

အာဆီယံအထူးကိုယ္စားလွယ္က ၎အေနျဖင့္ ကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္ကာ မတ္လ ဒုတိယအပါတ္ထဲ ျမန္မာႏိုင္ငံသြားမည္ဟု ေျပာဆိုထားသည္။

နစကဘက္က အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း အမႈရင္ဆိုင္ေနရသူမ်ားမွအပ ႏိုင္ငံေရးပါတီမ်ားအပါအဝင္ အျခားပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံခြင့္ျပဳမည္ဟု အာဆီယံအထူးကိုယ္စားလွယ္ႏွင့္အဖြဲ႕ထံ အသိေပးထားေၾကာင္းလည္းသိရသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာႏိုင္ငံခရီးစဥ္ကို လက္ခံထားၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အာဆီယံအထူးကိုယ္စားလွယ္တို႔ဘက္ကမူ နစကအႀကီးအကဲအပါအဝင္ ေဒၚေအာင္ဆန္းစုၾကည္ ယင္းအျပင္ NUGတို႔ႏွင့္ပါ ေတြ႕ဆုံခြင့္ရရန္ႀကိဳးပမ္းေနသည္ဟု ႏိုင္ငံတကာမီဒီယာအခ်ိဳ႕၏ ေဖာ္ျပခ်က္အရ သိရသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “NLDဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြထဲက တရားဥပေဒအတိုင္းပဲ ဆက္လက္ တည္ရွိေနတဲ့လူေတြနဲ႔ ကြၽန္ေတာ္တို႔ အရင္ သံတမန္ေတြ လာတုန္းကလည္း ေတြ႕ဆုံခြင့္ ေပးေနက်ပါ။ ဒါေတြကေတာ့ ကြၽန္ေတာ္တို႔က ေတြ႕ဆုံႏိုင္ေအာင္ ေဆာင္႐ြက္ေပးသြား မွာျဖစ္ပါတယ္” ဟု ျပည္တြင္းမီဒီယာတစ္ခုကို ေျဖၾကားထားသည္။

ႏိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ ႏိုင္ငံေရးအကဲခတ္အခ်ိဳ႕က ျမန္မာႏိုင္ငံေရးႏွင့္ ပတ္သတ္ၿပီး ေတြ႕ဆုံေဆြးေႏြးၾကသည့္အခါ ေဒၚေအာင္ဆန္းစုၾကည္ပါဝင္မွ ရမည္ဟု မွတ္ခ်က္ျပဳထားၾကသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071