Monday, July 13, 2026

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့၏...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ...

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

တိုးချဲ့ငါးမွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်

ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသတွင်း ရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

လေပြင်းမိုးကြီးဒဏ်ကြောင့် မုဒုံမြို့နယ် ဘိုးဘွားရိပ်သာ အဆောင်အမိုးများပျက်စီး၊...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ် သာသည် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အ ဆောင်အမိုးများနှင့် အခြေခံအဆောက် အအုံများ...
HomeNewsLocal Newsလူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ...

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တိုက်တွန်း

ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုဘဝလုံခြုံမှုရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်ကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ အခြေခံဝန်ဆောင်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိစေရေး မြှင့်တင်ပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို စနစ်တကျ ဖြေရှင်းပေးခြင်းတို့အတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ်များ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့မှုများ၊ ကျောင်းတွင်းအာဟာရအစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အလုပ်အကိုင်ဖန်တီးရေးအစီအစဉ်များ၊ လူမှုရေးပင်စင်အစီအစဉ်များနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို အဓိကလုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်၍ ပိုမိုခိုင်မာသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရ” ဟူသည့် ရည်မှန်းချက်ဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ နှစ်နိုင်ငံအပြန်အလှန်အကျိုးအတွက် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ ၅ နာရီကျော်ခန့်ကတွေ့ဆုံစဥ် နှစ်နိုင်ငံကြား ကာ လရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် အပြန်အလှန်ကူညီပံ့ပိုးခဲ့မှုတို့ကိုအခြေခံသော ကောင်းမွန်သည််ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။‌ ထို့ပြင် ‌နေ့လယ် ၃ နာရီ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့်တွေ့ဆုံစဥ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာများနှင့် မြန်မာနိုင် ငံ၏ဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးခဲ့ကြသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာဖျက်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ဟု...

တိုးချဲ့ငါးမွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်

ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသတွင်း ရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက ဇူလိုင် ၈ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားရာတွင် ငါး၊ ပုစွန်နှင့် ဂဏန်းမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များ ရှာဖွေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071