Monday, May 4, 2026

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeNewsLocal Newsအလားအလာကောင်းသည့် ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးလုပ်ငန်းများကို...

အလားအလာကောင်းသည့် ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးလုပ်ငန်းများကို အမြန်ဆုံးစတင်ရန်ဆွေးနွေး

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တရုတ်နိုင်ငံ၌ကျင်းပမည့် ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်ရောက်ရှိနေချိန်၌ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကုမ္ပဏီများမှဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၎င်းမှ အောက်တိုဘာ ၂၂ ရက်က Canadian Foresight Group(CFG)နှင့် China Oilfield Services Limited (COSL)တို့၏ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ နှစ်ဖက် အလားအလာကောင်းမွန်သောကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးလုပ်ငန်းများကို အမြန်ဆုံးစတင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့အတူ CNODC ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်းပြီး ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကမ်းလွန်စီမံကိန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင်သင်တန်းများစေလွှတ်၍ သင်ယူလေ့လာရေး၊ နှစ်ဖက်နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် Working Group များအပြန်အလှန်စေလွှတ်ရေး၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင်လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးလာစေရေးအတွက် လိုအပ်သည့်အကူအညီဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်ကလည်း CNPC ဒု- ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများတိုးမြှင့်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုလာရောက်ဆောင်ရွက်ရေး၊ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို သွယ်တန်းထားပြီးဖြစ်သည့် အရှေ့တောင်အာရှ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအတွင်း ပို့လွှတ်သယ်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အတူ ကမ်းလွန်လုပ်ကွက်အသစ်များကိုလေ့လာပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့်အဝအသုံးပြုနိုင်ရေး၊ ကုန်းတွင်း ပိုက်လိုင်းများအား စံချိန်စံညွှန်းအတိုင်း အသုံးပြုနိုင်ရန် အစားထိုးလဲလှယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများတွင် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးရေး၊ ရေနံချက်စက်ရုံများ အသစ်တိုးချဲ့တည်ဆောက်ခြင်းစီမံကိန်းများအတွက် လို အပ်သည့်ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့စဉ်ဆက်မပြတ်ရရှိရေး၊ ပိုက်လိုင်းလုံခြုံရေးနှင့် ပိုက်လိုင်းတစ်လျှောက် နယ်မြေဒေသများတည်ငြိမ်အေးချမ်းစေရန် ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့သည်။

သံပုရာကန်ရေနံချက်စက်ရုံစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည့် Sino-pipeline International (SPI) ကုမ္ပဏီဥက္ကဋ္ဌနှင့် ရေနံချက်စက်ရုံအသစ်စီမံကိန်းအတွက်လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်နိုင်ရန် ပိုက်လိုင်းများသွယ်တန်းနိုင်ရေး၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စွမ်းရည်ပြည့်အသုံးပြုနိုင်ရန်အတွက် ကနဦးဆန်းစစ်ခြင်းများကိုလျင်မြန်စွာဆောင်ရွက်ပြီးပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ဝန်ကြီးဦးကိုကိုလွင်အား စွမ်းအင်ကဏ္ဍဆိုင်ရာအဖွဲ့များမှ အကြီးအကဲများကလည်းလာရောက်တွေ့ဆုံ၍နည်းပညာများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

ဝန်ကြီးဦးကိုကိုလွင်သည် တရုတ်နိုင်ငံပိုင် ဘူမိရူပစူး စမ်းလေ့လာရေးနှင့် ရေနံရှာဖွေရေးပစ္စည်းများထုတ်လုပ်သည့် BGP ကုမ္ပဏီတွင် 3D Seismic အသုံးပြုပြီး လက်တွေ့တိုင်းတာဆောင်ရွက်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးနည်းပညာများ၊ Seismic တိုင်းတာရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်နေမှုတို့ကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။ မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ခြင်းမပြုရန် သင်္ဘောများကို အီရန်တိုက်တွန်း

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom တွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောဖြင့် လိုက်ပါစောင့်ရှောက်ရန် အစီအစဉ်မရှိ

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့် လိုက်ပါစောင့်ရှောက်ပေးမည့် တာဝန်များ မပါဝင်ကြောင်း၊ သို့သော် သင်္ဘောသားများအတွက် ဘေးကင်းပြီး မိုင်းအန္တရာယ်ကင်းစင်သော ရေလမ်းကြောင်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Axios သတင်းဌာန၏ သတင်းထောက် Barak Ravid က ပြောကြားသည်။ သူက X လူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ "အမေရိကန် အရာရှိနှစ်ဦးရဲ့ အဆိုအရ ဟော်မုဇ် ရေလက်ကြား စီမံချက်အသစ်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071