Thursday, June 5, 2025

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...
HomeNewsLocal Newsအရေးပေါ်ကာလ ထပ်တိုး (၆)...

အရေးပေါ်ကာလ ထပ်တိုး (၆) လအတွင်း အကြမ်းဖက်မှုများကို ထိရောက်စွာကိုင်တွယ်သွားမည်

ဖေဖေါ်ဝါရီ (၁)ကထပ်မံ သက်တမ်းတိုးထားသည့် ထပ်တိုး အရေးပေါ်ကာလ (၆)လ သက်တမ်းအတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဖေဖေါ်ဝါရီ (၉)ရက်က ပြုလုပ်သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ပတ်သက်၍ လမ်းညွှန်မှုများတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

“အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်း မဟုတ်ပါဘူး။ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှားနိုင်ပြီး လာမည့် (၆)လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမယ်လို့ ယူဆပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက်က ကာလုံအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကာလုံထံ တင်ပြသည့် အစီရင်ခံစာတွင် လုံခြုံရေးကို ထိထိရောက်ရောက် တိုးမြှင့်လုပ်ဆောင်ရန် ကျန်ရှိနေသည့် မြို့နယ် (၆၅) မြို့နယ် ကျန်ရှိနေသေးကြောင်း တင်ပြခဲ့ပြီး ဖေဖေါ်ဝါရီ (၁) ရက်မှ စတင်ကာ တိုင်းနှင့်ပြည်နယ်အချို့ရှိမြို့နယ်ပေါင်း (၃၀)ကျော်ကို စစ်အုပ်ချုပ်ရေး ကြေညာမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမှ ခွင့်ပြုထားခြင်းမရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့်လည်း ဒီမိုကရေစီကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းတွင် သာမန်ပျက်စီးမှု မဟုတ်သည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးမှု (၄၉၀၀) ကျော်ရှိ၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၈၅၀၀)ကျော်၊ပစ်ခတ်တိုက်ခိုက်မှု (၉၇၀၀) ကျော် ၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ကြောင်း နစကဖက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်များအတွင်း သိမ်းဆည်းရမိသည့် လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်လုပ်မိုင်းနှင့် ဗုံးအလုံးရေ ၂၇၂၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းများစွာဖမ်းဆီးရမိခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071