အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် တကျော့ပြန် သမ္မတရာထူးကိုရယူပြီးနောက် လိင်ပြောင်းသူများအပေါ် သူ၏ နောက်ဆုံးပစ်မှတ်ထားသော လုပ်ရပ်အဖြစ် အမျိုးသမီးအားကစားပြိုင်ပွဲများတွင် ကျားမှ မ သို့ လိင်ပြောင်းထားသော အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခွင့် ကိုပိတ်ပင်သည့် အမိန့်ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
“အခုအချိန်ကစပြီး အမျိုးသမီးအားကစားပွဲတွေဟာ အမျိုးသမီးတွေအတွက်ပဲ ဖြစ်ရမှာပါ” ဟု အိမ်ဖြူတော်တွင် ကလေ-းများနှင့် အမျိုးသမီးအားကစားသမား ဒါဇင်များစွာ ဝန်းရံထားလျက် သမ္မတ အမိန့်ကို သူက လက်မှတ်ရေးထိုးခဲ့သည်။
“ဒီသမ္မတအမိန့်ေကြာင့် အမျိုးသမီးအားကစားဆိုင်ရာ တိုက်ပွဲ ပြီးသွားပါပြီ” ဟု သူက ဆိုခဲ့သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ကြည့်ရှုခဲ့သည့် ပရိသတ်ထဲတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်နှင့် ကွန်ဂရက်အမတ် မာဂျိုရီ ဂရင်း အပါအဝင် ထိပ်တန်း ရီပတ်ဘလီကန်အမတ်များ ပါဝင်ခဲ့သည်။
“အမျိုးသမီးကစားသမားတွေရဲ့ ဂုဏ်ယူစရာ အစဉ်အလာကို ငါတို့ ကာကွယ်သွားမယ်၊ နောက် ငါတို့ရဲ့ အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေအပေါ် ရိုက်နှက်တာ၊ ဒဏ်ရာအနာတရဖြစ်စေတာ၊ လှည့်စားတာမျိုးတွေလုပ်ဖို့ ယောကျ်ားသားတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ထရမ့်ပ်က ဆက်လက် ပြောဆိုသွားသည်။
ထရမ့်ပ်၏ သမ္မတအမိန့်အရ အမျိုးသမီးအသင်းများတွင်လိင်ပြောင်းကစားသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် ကျောင်းများကို အစိုးဌာနများက ရန်ပုံငွေချ မေပးဘဲ ငြင်းပယ်နိုင်သည်။
၂၀၂၈ ခုနှစ် လော့ဆန်းဂျလိစ်အိုလံပစ် မတိုင်မီ လိင်ပြောင်းအားကစားသမားများနှင့် ပတ်သက်သော ၎င်း၏ စည်းမျဉ်းများကို ပြောင်းလဲရန် နိုင်ငံတကာအိုလံပစ်ကော်မတီကို ယခုကစ၍ သူ တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
