Sunday, July 12, 2026

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...

အမြန်လမ်းတွင် “မြစန္ဒာ”အဝေးပြေးခရီးသည်တင် ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တိုက်...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇူ လိုင် ၁၁ ရက်နံနက် ၅ နာရီခွဲကျော်ခန့်က "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း...

ပြည်ထောင်စုဝန်ကြီးနှင့် ICRC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊...

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De...
HomeInternationalအမေရိကဝန်ထမ်းအချို့ကိုတရုတ်ကတိဘက်ဝင်ခွင့်ဗီဇာကန့်သတ်

အမေရိကဝန်ထမ်းအချို့ကိုတရုတ်ကတိဘက်ဝင်ခွင့်ဗီဇာကန့်သတ်

ပေကျင်း၊ဧပြီ ၁၄

တိဗက်နှင့်ဆက်နွယ်သည့်ကိစ္စများ၌ ဆိုးရွားစွာပြုမူခဲ့သည့် အမေရိကန်ဝန်ထမ်းအချို့ကို ပြည်ဝင်ခွင့် ဗီဇာ ကိုကန့်သတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

တိဗက်ဒေသသို့နိုင်ငံခြားသားများဝင်ရောက်ခွင့်ကို ထိန်းချုပ်သည့်မူဝါဒများတွင် ပါဝင်သည့်တရုတ်အရာရှိများကို လွန်ခဲ့သည့်နှစ်ပတ်က ဝါရှင်တန်ဘက်မှ ဗီဇာကန့်သတ်ချက်ထပ်မံချမှတ်လိုက်သည့်အပေါ် တရုတ်နိုင်ငံက ယခုကဲ့သို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကကမူ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အမေရိကန်သံတမန်များ၊ဂျာနယ်လစ်များနှင့် အခြားနိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို တိဗက်နှင့်အခြားတိဗက်နှင့်ဆိုင်သည့်ဒေသများသို့ ဝင်ရောက်ခွင့်မပေးဟုစွပ်စွဲပြောကြားခဲ့ပြီး အမေရိကန်သံတမန်များနှင့်အခြားပုဂ္ဂိုလ်များအား အကန့်အသတ်မရှိဝင်ရောက်ခွင့်ပြုရန်လည်းတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ တိဗက်နှင့်သက်ဆိုင်သည့်ကိစ္စများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အဆိုပါကိစ္စကိုအကြောင်းပြပြီး အမေရိကဘက်က ဗီဇာကို အလွဲသုံးစားလုပ်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးစံနှုန်းများကို ပြင်းထန်စွာချိုးဖောက်ခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

“တိဗက်ကိုဖွင့်ထားပေးပါတယ်၊တခြားနိုင်ငံက လာရောက်လည်ပတ်သူတွေ၊ စီးပွားရေးလာလုပ်မဲ့သူတွေအတွက်ပေါ့၊ဒါပေမယ့် လူ့အခွင့်အရေး၊ဘာသာရေးနဲ့ယဉ်ကျေးမှုစတာတွေကိုအကြောင်းပြုပြီး တိဗက်အရေးဝင်စွက်ဖက်တာမျိုးကိုတော့ ကန့်ကွက်ထားပါတယ်” ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

Source : ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။ တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်တွင်စတင်ကျင်းပမည်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ် ၂ ရက်တွင် လွှတ်တော်ရုံးသို့ ကြိုတင်သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးစတင်သည့်ရက်တွင် အစည်းအဝေးခန်းမသို့ မိနစ်(၃ဝ)ကြိုတင်ရောက်ရှိနေရာယူရမည်ဖြစ်ကာ အစည်းအဝေးမတက်ရောက်နိုင်ပါက ခွင့်တိုင်ကြားစာများအား တစ်ရက်ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)တို့အရကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် “မြစန္ဒာ”အဝေးပြေးခရီးသည်တင် ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တိုက် (၂) ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇူ လိုင် ၁၁ ရက်နံနက် ၅ နာရီခွဲကျော်ခန့်က "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူသည် မိုင်တိုင်အ မှတ် ၁၆၄/၇ နှင့် ၁၆၅/၀ ကားအရောက်အိပ်ငိုက်ကာ လမ်းလယ်ရှိလမ်းအကာအရံများကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားမောင်းသူနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏အများစုသည် ယာဉ်မောင်းသူများအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြရန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071