Friday, August 7, 2026

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း GACC နည်းလမ်းဖြင့်...

​​မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီချက်အရ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ...
HomeInternationalအမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

“အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး”ဟုလည်း သူကဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက် Army Tactical Missile Systems သို့မဟုတ် ATACMS ဟု လူသိများသော အမေရိကန်မှ ထောက်ပံ့ပေးသည့် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပြုခဲ့ကြောင်း New York Times က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ထိုနေ့နှောင်းပိုင်းတွင်ပင် ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ဘိုင်ဒင်၏ ဦးဆောင်မှုကို လိုက်နာခဲ့ပြီး ရုရှားနိုင်ငံအတွင်း၌ ၎င်းတို့၏လက်နက်များကို အသုံးပြုတိုက်ခိုက်ရန် ခွင့်ပြုခဲ့ကြောင်း ပြင်သစ်မှ Le Figaro သတင်းဌာနက ရေးသားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အားကစားခန်းမ ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် မြသီတာအားကစားခန်းမ တည်ဆောက်ရေးတာဝန်ယူခဲ့သည့် Golden Gate Global Myanmar...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071