အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့မှာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောတစ်စင်းကို တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
IRGC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး IRNA သတင်းဌာနက ဖော်ပြရာမှာတော့ “အီရန်သင်္ဘောတွေကို အနှောင့်အယှက်ပေးပြီး ပင်လယ်ရေကြောင်းပိတ်ဆို့မှုမှာ ပါဝင်နေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောနဲ့ ဖျ-က်သင်္ဘောကို IRGC ရဲ့ အာကာသတပ်ဖွဲ့တွေက တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့ပါတယ်” လို့ ဆိုထားပါတယ်။
အဲဒီလို တို-က်ခိုက်ခံရလို့ ထိခိုက်ပျ-က်စီးသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ တို-က်ပွဲဖြစ်တဲ့နေရာကနေ ခဲခဲယဉ်းယဉ်းဆုတ်ခွာသွားခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
