အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် သွားရောက်တရားရင်ဆိုင်ရန် နစကက ကိုယ်စားလှယ်အဖွဲ့စေလွှတ်

နစက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ဦးဆောင်သည့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် သွားရောက်တရားရင်ဆိုင်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပြီဖြစ်သည်။
နစကပြောရေးဆိုခွင့်ရှိသူက ဗိုလ်ချုပ်ဇော်မင်းထွန်းကအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အနေဖြင့် နစကကိုယ်စားရင်ဆိုင်မည့် Agent နှင့် Alternate Agent ကို လက်ခံကြောင်းအကြောင်းကြားလာ၍ နစကဝန်ကြီးများအဖွဲ့ သည်ဟိဂ်သို့ သွားရောက်ခြင်းဖြစ်သည်ဟု ပြောသည်။
နစကနို င်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း နေပြည်တော်မှတဆင့် အွန်လိုင်းဖြင့် ကြားနာပွဲတက်ရောက်ရန်ရှိသည်ဟုလည်းသိရသည်။
နစကသည် ICJတွင် တရားစွဲဆိုခံထား ရသည့်အမှုနှင့်စပ်လျဉ်း၍ တရားရင်ဆိုင်ခြင်းဆိုင်ရာ ကော်မတီကို ကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုဥက္ကဌများအဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးအချို့၊ တပ်မတော်အရာရှိအချို့တို့ဖြင့် ၂၀၂၁ ခုနှစ် မေလတွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ကိုယ်စားပြုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် သွားရောက်တရားရင်ဆိုင်ထားသည်။
Zaw Gyi
အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ သြားေရာက္တရားရင္ဆိုင္ရန္ နစကက ကိုယ္စားလွယ္အဖြဲ႕ေစလႊတ္
နစက အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး တို႔ ဦးေဆာင္သည့္အဖြဲ႕သည္ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ သြားေရာက္တရားရင္ဆိုင္ရန္ ျမန္မာႏိုင္ငံမွ ထြက္ခြာသြားၾကၿပီျဖစ္သည္။
နစကေျပာေရးဆိုခြင့္ရွိသူက ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)အေနျဖင့္ နစကကိုယ္စားရင္ဆိုင္မည့္ Agent ႏွင့္ Alternate Agent ကို လက္ခံေၾကာင္းအေၾကာင္းၾကားလာ၍ နစကဝန္ႀကီးမ်ားအဖြဲ႕ သည္ဟိဂ္သို႔ သြားေရာက္ျခင္းျဖစ္သည္ဟု ေျပာသည္။
နစကႏို င္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္သည္လည္း ေနျပည္ေတာ္မွတဆင့္ အြန္လိုင္းျဖင့္ ၾကားနာပြဲတက္ေရာက္ရန္ရွိသည္ဟုလည္းသိရသည္။
နစကသည္ ICJတြင္ တရားစြဲဆိုခံထား ရသည့္အမႈႏွင့္စပ္လ်ဥ္း၍ တရားရင္ဆိုင္ျခင္းဆိုင္ရာ ေကာ္မတီကို ေကာ္မတီ ဥကၠ႒အျဖစ္ ႏိုင္ငံျခား ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ ဒုဥကၠဌမ်ားအျဖစ္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ပါဝင္သည့္ ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕၊ တပ္မေတာ္အရာရွိအခ်ိဳ႕တို႔ျဖင့္ ၂၀၂၁ ခုႏွစ္ ေမလတြင္ ျပင္ဆင္ ဖြဲ႕စည္းခဲ့သည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ကလည္း ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံေတာ္ကိုယ္စားျပဳၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ သြားေရာက္တရားရင္ဆိုင္ထားသည္။
