Wednesday, April 22, 2026

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက် လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း...

ဗဟိုဘဏ်က ဘဏ်လုပ်ငန်းကဏ္ဍနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို အဓိကထား...

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊...

Naypyitaw State Academy ကို...

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ကြည့်ရှူစစ်ဆေးရာ၌...
HomeNewsLocal Newsအထူးကု ဆေးကုသရေးအဖွဲ့က တောင်ကြီးမြို့၌...

အထူးကု ဆေးကုသရေးအဖွဲ့က တောင်ကြီးမြို့၌ (၂)ရက်အတွင်း (၅၄၉) ဦးကို ကွင်းဆင်းကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာန အထူးကု ဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့တွင်ကွင်းဆင်းဆေးကုသမူများ လုပ်ဆောင်ပေးခဲ့ရာ သြဂုတ် (၅) ရက်နှင့် (၆) ရက်တွင် မြို့နယ်အသီးသီးမှ ပြည်သူ (၅၄၉) ဦးလာရောက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်ပြသသူများအား ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ သွေးရောဂါ ပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး(တောင်ကြီးမြို့)တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

လာရောက်ပြသသူများထဲတွင် နှလုံးရောဂါဆိုင်ရာ (၈၁) ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ (၄၇) ဦး၊ ဦး နှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာ (၇၃) ဦး၊ ဦး နှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ (၆) ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ (၁၃၂) ဦး၊ သွေးရောဂါဆိုင်ရာ (၂၇) ဦး၊ အထွေထွေရောဂါဆိုင်ရာ (၁၀၂) ဦး၊ မျက်စိရောဂါလူနာ (၆) ဦး၊ သားဖွားမီးယပ်လူနာ (၄) ဦး၊ အရိုးရောဂါလူနာ (၂၆) ဦး၊ ခွဲစိတ် (၂၉) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ (၃) ဦး၊ သွားနှင့်ခံတွင်းလူနာ (၁) ဦး၊ အရေပြားလူနာ (၄) ဦး၊ ကလေးလူနာ (၈) ဦးစုစုပေါင်းလူနာ (၅၄၉) ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။

အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (၄၃) ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (၁၀) ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (၂) ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (၁) ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၁၀၃) ဦး၊ ဓာတ်ခွဲစမ်းသပ်သူ (၂၃၉) ဦး၊ သွေးချိုဓာတ်တိုင်းတာခြင်း (၁၁၅) ဦး၊ Ultrasound ရိုက်ကူးခြင်း (၇၄) ဦး၊နှလုံးစက်ဖြင့်စစ်ဆေး ခြင်း (၃၀) ဦး၊ ဆီးချိုကြောင့်မျက်စိထိခိုက်မှု ရှိ/မရှိစစ်ဆေးခြင်း (၂၀)ဦး၊ဆီးချိုကြောင့် ခြေထောက်အာရုံကြော ထိခိုက်မှု ရှိ/မရှိစစ်ဆေးခြင်း (၂၀) ဦး တို့ကို စမ်းသပ်စစ် ဆေးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆက်လက်ခံယူရန်လိုအပ်သည့် လူနာ (၁) ဦးကို ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါ ဆက်လက်ဆေးကုသရန် လိုအပ်သည့် လူနာ(၁)ဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် နှလုံးရောဂါခွဲစိတ်ရန်လိုအပ်သည့် လူနာ (၁) ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့သို့ လွှဲပြောင်းကုသနိုင်ရန် စီစဥ်ပေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အတွင်း အချို့နေရာများတွင် မိုးကြိုးမုန်တိုင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် လက္ခဏာရပ်များကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း နွေရာသီမုန်တိုင်းများ ကြုံတွေ့ရနိုင်သည်ဟု ဗုဒ္ဓဟူးနေ့နံနက်က ဒုတိယသတိပေးချက်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းများသည် မြောက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်တို့ကို အစောပိုင်းတွင် သက်ရောက်မှုရှိပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ယင်း၏အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်းလွင်ပြင်များသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ Ref ဘန်ကောက်ပို့စ်

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက် လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း Japan Airlines နှင့် ANA တို့က ဆီအပိုဆောင်းခများကို နှစ်ဆတိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံသို့ ဦးတည်မည့် ခရီးစဉ်များအတွက် ဆီအပိုဆောင်းခမှာ ဘတ် ၃,၀၀၀ ခန့်မှ ၆,၀၀၀ ခန့်အထိ မြင့်တက်သွားသည်။ ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ဒုတိယညွှန်ကြားရေးမှူး ဆာရွန် ဘင်ဂျနီရတ်က ကနဦးအစီရင်ခံစာများအရ မေလနှင့် ဇွန်လများတွင် ဝန်ဆောင်မှုအပြည့်ပေးသည့်...

ဗဟိုဘဏ်က ဘဏ်လုပ်ငန်းကဏ္ဍနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးတို့နှင့်အတူ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071