Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeEntertainmentအဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အဘိုးဖြစ်သူ...

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အဘိုးဖြစ်သူ ဂန္ထဝင် ဂီတ စာဆိုတော်ကြီး ရွှေတိုင်ညွန့်ရဲ့တေးသီချင်းများကို ပြန်လည် ခံစားသီဆိုပွဲ

 

ဂန္ထဝင်ဂီတစာဆိုတော်ကြီး ဦးရွှေတိုင်ညွန့်ရဲ့ တေးသီချင်းများကို ပြန်လည်ခံစားသီဆိုကြတဲ့ သီချင်း ဆိုပွဲကို ဇန်နဝါရီလ ၇ ရရက်နေ့က Yangon Gallery (People’s Park) မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်ဂီ တစာဆိုတော်ကြီး ဦးရွှေတိုင်ညွန့်မှာ ထားရဲ့ဖခင်ကြီးဖြစ်ပြီး အဆိုတော်ဇော်ဝင်းထွဋ် ရဲ့အဘိုးဖြစ် သူလည်းဖြစ်ပါတယ်။ ဒီသီချင်းဆိုပွဲကို ဦးရွှေတိုင်ညွန့်ရဲ့ မိသားစု ဝင်များ၊ စာရေးဆရာများနဲ့ Bagan FM တို့ကဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ဂန္ထဝင်ဂီတစာ ဆိုတော်ကြီး ဦးရွှေတိုင်ညွန့်ရဲ့ တေး သီးချင်း များကိုလည်း နာမည်ကြီးအဆိုတော်များနဲ့ စာရေးဆရာများ ကသီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဂန္ထဝင်ဂီတစာဆိုတော်ကြီး ဦးရွှေ တိုင်ညွန့်ရဲ့ သမီးဖြစ်သလို အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မိခင်တစ်ဦး လည်းဖြစ်တဲ့မြန်မာသံဂန္ထဝင်တေးရှင်ကြီးထားက ဒီပွဲပြုလုပ်ရခြင်း ရဲ့ရည်ရွယ်ချက် နဲ့ သူမရဲ့ခံစားမှုတချို့ကိုလည်း ခုလို ==ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာက တော့ အဓိကအဖေရဲ့သီချင်းတွေကို စာရေးဆရာတွေကိုဆိုစေချင်တာ ပေါ့နော်။ စာရေးဆရာတွရဲ့ အမြင် တွေ၊ စာရေးဆရာတွေရဲ့ အာဘော် တွေကို လိုချင်လို ဒီပွဲကိုကျင်းပရ ခြင်းလည်းဖြစ်ပါတယ်။ ကိုယ့်အဖေ ရဲ့သီချင်းတွေကို ပြန်လည်ကြားဆင်လိုက် ရတဲ့အချိန်မှာ အမေထားရဲ့ခံစားမှု ကတော့ ပြောစရာမလိုပါဘူး။ ကိုယ့်အဖေရဲ့ သီချင်းတွေကိုအာလုံး က မြတ် မြတ်နိုးနိုးနဲ့သီဆိုနေကြတာတွေကြားတော့ အမေထားအနေနဲ့ တအားလည်း ပီတိဖြစ်ရပါတယ်။ အလွန်လည်း ကျေနပ်တယ်။ တအားလည်းပျော်ပါတယ်။ အမေထားအနေနဲ့ အဖေဆီက အားကျအတုယူရတွေကတော့ ပြောပြလိုမဆုံးပါဘူး။ အများကြီးပါပဲ။ အဖေက အမေထား ၅နှစ်သမီးလောက်ကတည်းက ဆုံးပါး သွားတဲ့ အတွက် အဖေနဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးမရှိခဲ့ပေ မယ့်အဖေ့ဆီကပညာပါရမီတွေအမွေရခဲ့ပါတယ်” လို့ပြောပြ ခဲ့ပါ တယ်။

အဆိုတော် ဇော်ဝင်းထွဋ်ကလည်း အဘိုးဖြစ်သူရဲ့ သီချင်းတွေ ကို ပြန်လည်သီဆိုကြတဲ့အပေါ်ဂီတအနုပညာ မျိုးဆက်တစ် ယောက်အနေနဲ့ ခံစားမှုတချို့ကိုလည် အမှန်တိုင်းပြောရရင် အဘိုးက ကျွန်တော်တို့ကို ခုချိန်ထိလုပ်ကျွေးနေသလိုပါပဲ။ ဥပမာ ပြောရရင် နဂါးနီလို သီချင်းမျိုးသူ ရေးခဲ့တာပေါ့နော်။ နှစ်ပေါင်း၅ဝ လောက် ကြာသွားရင်တောင်လူတွေက ဒီသီချင်းတစ်ပုဒ်ကို သီဆိုနေ ကြတုန်းဆိုတော့ ဘယ်လိုဖန်တီးခဲ့ လည်း ဆိုတာတွေပေါ့။ ခံစားမှု တွေနဲ့အဓိပ္ပာယ်ရှိရှိရေးသားခဲ့လိုလည်း ခုလိုကြာကြာခံ တယ်လိုမြင် ပါတယ်။ အဲ့ဒါကြောင့်လဲ အဘိုးရဲ့မြေးတစ်ယောက်ဖြစ်ရတဲ့ အတွက် အချိန်ပြည့်ဂုဏ်ယူရပါတယ်” လို့ အဆိုတော်ဇော်ဝင်း ထွဋ်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071