Thursday, June 5, 2025

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...
HomeNewsLocal Newsအစိုးရက ထိန်းချုပ်မှုများ လုပ်ဆောင်ပြီးနောက်...

အစိုးရက ထိန်းချုပ်မှုများ လုပ်ဆောင်ပြီးနောက် တစ်ပတ်ကျော်ကြာချိန်တွင် ဒေါ်လာစျေး ၃၄၉၀ အထိပြန်ဆင်းလာ

အစိုးရက ထိန်းချုပ်မှုများ လုပ်ဆောင်ပြီးနောက် တစ်ပတ်ကျော်ကြာချိန်တွင် ဒေါ်လာစျေး ၃၄၉၀ အထိပြန်ဆင်းလာ

ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့မှုကို အစိုးရက ထိန်းချုပ်လိုက်သည့်နောက် တစ်‌ပတ်ကျော် ကြာပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ၃၅၀၀ ပတ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြည်တွင်းဈေးကွက်တွင် အမေရိကန် (၁) ဒေါ်လာကို မြန်မာငွေ (၄၅၀၀) ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ရာက လက်ရှိအချိန်ထိ (၃၅၀၀) ပတ်ဝန်းကျင်တွင် ဈေးပေါက်နေခြင်း ဖြစ်သည်။

” (၁) ဒေါ်လာ (၃၄၉၀) ကျပ် အရောင်းအဝယ် လုပ်ပါတယ်” ဟု ပြည်တွင်းနိုင်ငံခြားငွေ ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက အခြေအနေဆိုးရွာစွာ ဈေးကစားမှုများနှင့် ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင်များ၏ ‌နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားမှုကြောင့် ဈေး ကွက်အတွင်း ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနှင့် ကြုံ တွေ့ခဲ့ရခြင်း ဖြစ်သည်။

အစိုးရက အဆိုပါ လိုအပ်ချက်ကို ထိန်းချုပ်သည့်အနေ ဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဈေးကွက်အတွင်း ထုတ်ချေးပေးခဲ့ရာက တစ်ရက်အတွင်း ကျပ်(၁၀၀၀) ဝန်းကျင် ဈေးပြုတ်ကျခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၃၄၉၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး စျေးကွက်အနေအထား အေးလျက်ရှိသည်။

အဆိုပါ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို အစိုးရက ပြည် တွင်းရှိ နိုင်ငံခြားငွေ အများဆုံး လိုအပ်သည့် စက်သုံးဆီနှင့် စားသုံဆီ တင်သွင်းသူများကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှုကြောင့် ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်မည်ဟု အစိုးရက မျှော်မှန်းထားခြင်း ဖြစ်သည်။

ထို့အပြင် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းသူများအနေဖြင့် ဒေါ်လာငွေ လိုအပ်ချက် ရှိပါက ထပ်မံထုတ်ချေးပေးသွားမည့်အပြင် ဒေါ်လာဈေးနှုန်း မြင့်တက်စေရန် ရည်ရွည်ချက်ရှိရှိ ဈေးကစားနေသူများနှင့် မီဒီယာများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ပြောကြားထားသည်။

လက်ရှိတွင် ဗဟိုဘဏ်ရည်ညွှန်းဈေးမှာ (၁) ဒေါ်လာ (၂၁၀၀) ကျပ် သတ်မှတ်ထားပြီး ပြင်ပ ဈေးကွက်တွင် (၁) ဒေါ်လာ (၃၅၀၀) ဝန်းကျင်ဈေးပေါက်လျက်ရှိကြောင်းလည်း ဒေါ်လာအရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071