Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternationalအင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲ၍ လူ...

အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲ၍ လူ ၉ ဦးထက်မနည်း ‌ေ-သဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ်ကျွန်းပေါ်ရှိ မီးတောင်ရှင်တစ်လုံးဖြစ်သည့် လီဝိုတိုဘီ လာကီ-လာကီ မီးတောင်သည် တနင်္လာနေ့(နိုဝင်ဘာ ၄) နေ့ အစောပိုင်းတွင် ပေါက်ကွဲခဲ့၍ လူ ၉ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ပြိုကျသွားသော နေအိမ်အပျက်အစီးများအတွင်း ပိတ်မိနေဖွယ်ရှိသူများကို ရှာဖွေနေကြဆဲဖြစ်သည်ဟု အရှေ့ဖလောက်ရက်စ်ခရိုင်၏ အရေးပေါ်တုန့်ပြန်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲ အဗီ မန်ဂိုတာ ဟယ်လန်က ပြောဆိုခဲ့သည်။

“အကဲဖြတ်သုံးသပ်မှုတွေ ကျွန်တော်တို့ လုပ်နေဆဲဖြစ်ပြီး အ‌ေ-သအပျောက် ပိုတိုးလာနိုင်ပါတယ်” ဟု သူက ပြောဆိုသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် အနီးအနား ကျေးရွာများရှိ ဒေသခံများ အလန့်တကြားဖြစ်ခဲ့ကြပြီး မီးတောင်ပြာများနှင့် အပိုင်းအစများ ပြုတ်ကျလာသဖြင့်လူများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။

ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များပြိုကျခဲ့ရာမှ ‌ေ-သဆုံးမှုများဖြစ်ရသည်ဟု ကျေးရွာအကြီးအကဲ ပီထရပ်စ် မူဒါက နိုင်ငံပိုင် အင်န်တာရာ သတင်းဌာနကို ပြောသည်။

“ဒေသစံတော်ချိန် မနက် ၁၂း၃၀ လောက်မှာ မီးတောင်ပေါက်ကွဲပါတယ်။ လူဦးရေ ၆ ဦးရှိတဲ့ မိသားစုတစ်စု အပြိုအပျက်တွေအောက် ရောက်သွားခဲ့ပါတယ်” ဟု ပီထရပ်စ်က ပြောဆိုခဲ့သည်။

မီးတောင်ပေါက်ကွဲမှု သက်ရောက်ခဲ့ရာ ဧရိယာကို အစိုးရက ဒီဇင်ဘာ ၃၁ ရက်အထိ အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာခဲ့ပြီး အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref: သည်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင်  ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။ အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071