Looking for something?

Explore the website

Looking for something?

Friday, May 16, 2025

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန်...

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက...

Print, Sign & ICT...

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...
HomeInternationalအင်ဒိုနီးရှားတွင် နယူးဇီလန် လေယာဉ်မှူးအား...

အင်ဒိုနီးရှားတွင် နယူးဇီလန် လေယာဉ်မှူးအား ဓားစာခံအဖြစ် ဖမ်းထားသည်ဟု ပါပူဝါရှိ သူပုန်အဖွဲ့က ထုတ်ပြန်ထား

ဂျကာတာ၊ ဖေဖော်ဝါရီ ၇

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသရှိ ခွဲထွက်ရေးသမားများသည် နယူးဇီလန် လေယာဉ်မှူးတစ်ဦးအား ဖေဖော်ဝါရီ ၇ ရက် အင်္ဂါနေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လွတ်လပ်ရေးလိုလားသူ သူပုန်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်မှူး မောင်းနှင်လာသော ကုန်တင်လေယာဉ်ငယ်သည် ရုတ်တရတ် မီးလောင်ကျွမ်းလာသဖြင့် ဝေးလံခေါင်သီးသော ကုန်းမြင့်ဒေသတွင် ဆင်းသက်ခဲ့စဉ် ခွဲထွက်ရေးသမားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်များသည် အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး လေယာဉ်မှူးနှင့် လိုက်ပါလာသော ခရီးသည်ငါးဦးအား ရှာဖွေရန် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ထိုနေရာသို့ စေလွှတ်ထားကြောင်း ပါပူဝါပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အစ်ဂနေးရှပ် ဘန်နီ အဒီ ပရာဘိုဝေါ်က ပြောကြားထားသည်။

ဖမ်းဆီးခံရသူ လေယာဉ်မှူးမှာ ကပ္ပတိန် ဖိလစ် မာတန်စ် ဖြစ်သည်ဟု သိရပြီး ကျန်ခရီးသည် ငါးဦးမှာမူ ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်း ရှိ မရှိ မသေချာသေးကြောင်း ပါပူဝါရှိ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဟာရ်မန် တာရာမန်က ပြောသည်။

အနောက်ပါပူဝါ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TPNPB) သည် အဆိုပါ ဖမ်းဆီးမှုအတွက် တာဝန်ရှိကြောင်း ဝန်ခံထားပြီး အင်ဒိုနီးရှား အစိုးရက အနောက်ပါပူဝါဒေသ၏ လွတ်လပ်ရေးကို အသိအမှတ်မပြုမချင်း ထိုလေယာဉ်မှူးအား ပြန်လွတ်ပေးမည် မဟုတ်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ကပ္ပတိန်ဖိလစ်သည် အဆိုပါ သူပုန်အဖွဲ့၏ ဓားစာခံအဖြစ် ဒုတိယအကြိမ် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပြောထားသည်။ ပထမအကြိမ်မှာ ၁၉၉၈ ခုနှစ်တွင် ဖြစ်သည်ဟု သိရသည်။

Source:CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန် လက်ရှိတွင် အစီအစဉ်မရှိဟု ဂျာမနီဆို

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက ပြောကြားသည်။ "လက်ရှိအချိန်တွင် ဤမေးခွန်းသည် ဆွေးနွေးစရာမဟုတ်သေးပါ"ဟု သူက ZDF ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ၏အဆိုအရ၊ ဤဒုံးကျည်များကို အသုံးပြုရန် အထူးလေ့ကျင့်မှုများ လိုအပ်သောကြောင့် ပေးပို့ရန် အချိန်နှင့် ပြင်ဆင်မှုများစွာလိုအပ်နိုင်သည်၊ သို့သော် ယူကရိန်းသည် ဗြိတိန်နှင့် ပြင်သစ်တို့မှ ထံမှ အခြားသော ခရုဇ်ဒုံးကျည်များ ရရှိလိမ့်မည်ဟု Merz က ဖြည့်စွက်ပြောကြားခဲ့သည်။ Taurus ဒုံးကျည်များ၏...

Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့်ခင်းကျင်းပြသလျက်ရှိ

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့် ယနေ့ မေ ၁၆ ရက်မှစတင်၍ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြပွဲအားမြန်မာနိုင်ငံဒီဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်အသင်တို့ပူးပေါင်း၍ ယနေ့ မေ ၁၆ ရက်မှ မေ ၁၈ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိကြောင်း...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071