အကြမ်းဖက် ရမ်းကားမှုများမချုပ်ငြိမ်းသမျှစစ်မှန်သော ပါတီစုံဒီမိုကရေစီမဖြစ်ထွန်းနိုင်ဟုUSDPဥက္ကဌဆို
ရန်ကုန်တိုင်း ပါတီနာယကများ အမှုဆောင်များနှင့် ပါတီဥက္ကဌဦးသန်းဌေးတို့ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ပါတီဥက္ကဌဦးသန်းဌေးက ၎င်း၏လူမှုကွန်ရက်မှတဆင့်အသိပေးကာ တွေ့ဆုံဆွေးနွေးရာတွင် ပါတီဥက္ကဌဦးသန်းဌေးက အကြမ်းဖက် ရမ်းကားမှုများမချုပ်ငြိမ်းသမျှစစ်မှန်သော ပါတီစုံဒီမိုကရေစီမဖြစ်ထွန်းနိုင်သည့်အကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးအရေးပေါ်ကာလသတ်မှတ်ထားသည့်အခြေအနေသာဖြစ်၍ လှုပ်ရှား သွားလာ နေထိုင် လုပ်ကိုင်မှုအားလုံးအရေးပေါ်အခြေအနေနှင့်ကိုက်ညီသော စဉ်းစားမှု လုပ်ဆောင်မှုဖြစ်သင့်ကြောင်းနှင့် လုံခြုံရေးနှင့်ပတ်သက်လာလျှင် ဥပဒေကအတိအလင်းအပ်နှင်းထားသည့် ” ခုခံကာကွယ်ပိုင်ခွင့် ” ကို ထိရောက်စွာ ကျင့် သုံးရန်လည်း ဦးသန်းဌေးက ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားမှုအရသိရသည်။
ယင်းအပြင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့် အကြမ်းဖက်မှုများချုပ်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဥစ္စာရင်လို ဥစ္စာရင်ခဲ ပူးပေါင်းကြိုးပမ်းကြရန်လည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
တိုင်းပါတီတာဝန်ရှိသူတစ်ဦးက “တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သတ်ပြီး ပြောခွင့်မရှိတဲ့အတွက် ပါတီဘက်က ထုတ်ပြန်တဲ့အတိုင်းပါပဲ”ဟု ပြောသည်။
zaw gyi
အၾကမ္းဖက္ ရမ္းကားမႈမ်ားမခ်ဳပ္ၿငိမ္းသမွ်စစ္မွန္ေသာ ပါတီစုံဒီမိုကေရစီမျဖစ္ထြန္းႏိုင္ဟုUSDPဥကၠဌဆို
ရန္ကုန္တိုင္း ပါတီနာယကမ်ား အမႈေဆာင္မ်ားႏွင့္ ပါတီဥကၠဌဦးသန္းေဌးတို႔ ယေန႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကေၾကာင္း ပါတီဥကၠဌဦးသန္းေဌးက ၎၏လူမႈကြန္ရက္မွတဆင့္အသိေပးကာ ေတြ႕ဆုံေဆြးေႏြးရာတြင္ ပါတီဥကၠဌဦးသန္းေဌးက အၾကမ္းဖက္ ရမ္းကားမႈမ်ားမခ်ဳပ္ၿငိမ္းသမွ်စစ္မွန္ေသာ ပါတီစုံဒီမိုကေရစီမျဖစ္ထြန္းႏိုင္သည့္အေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္အထိ တစ္ႏိုင္ငံလုံးအေရးေပၚကာလသတ္မွတ္ထားသည့္အေျခအေနသာျဖစ္၍ လႈပ္ရွား သြားလာ ေနထိုင္ လုပ္ကိုင္မႈအားလုံးအေရးေပၚအေျခအေနႏွင့္ကိုက္ညီေသာ စဥ္းစားမႈ လုပ္ေဆာင္မႈျဖစ္သင့္ေၾကာင္းႏွင့္ လုံၿခဳံေရးႏွင့္ပတ္သက္လာလွ်င္ ဥပေဒကအတိအလင္းအပ္ႏွင္းထားသည့္ ” ခုခံကာကြယ္ပိုင္ခြင့္ ” ကို ထိေရာက္စြာ က်င့္ သုံးရန္လည္း ဦးသန္းေဌးက ေဆြးေႏြးခဲ့သည္ဟု ထုတ္ျပန္ထားမႈအရသိရသည္။
ယင္းအျပင္ အေျခခံအက်ဆုံးလိုအပ္ခ်က္ျဖစ္သည့္ အၾကမ္းဖက္မႈမ်ားခ်ဳပ္ၿငိမ္းေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဥစၥာရင္လို ဥစၥာရင္ခဲ ပူးေပါင္းႀကိဳးပမ္းၾကရန္လည္း ေဆြးေႏြးခဲ့ၾကသည္ဟုသိရသည္။
တိုင္းပါတီတာဝန္ရွိသူတစ္ဦးက “ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ပတ္သတ္ၿပီး ေျပာခြင့္မရွိတဲ့အတြက္ ပါတီဘက္က ထုတ္ျပန္တဲ့အတိုင္းပါပဲ”ဟု ေျပာသည္။


