Friday, May 15, 2026

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန်...

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန်...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...
HomeMoviesအကယ်ဒမီများရှင် ရန်အောင် ချီးကျူးစကားဆိုလိုက်တဲ့...

အကယ်ဒမီများရှင် ရန်အောင် ချီးကျူးစကားဆိုလိုက်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား

ရန်အောင်ဆိုတာ အောင်မြင်မှုရရှိပြီး၊ အောင်မြင်ဆဲ ရုပ်ရှင်မင်းသားကြီးတစ်လက်ပါ။ အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေး၊ ဖိုက်တင် ဘာပဲလာလာ ကာရိုက်တာမျိုးစုံကို အံဝင်အောင် သရုပ်ဆောင်နိုင်တယ်။ သူ့ကို ချစ်ကြတဲ့ပရိသတ်တွေက အများကြီး။ အကယ်ဒမီရွှေစင်ရုပ်တုတွေလည်း များစွာပိုင်ဆိုင်ထားသူပါ။ ရန်အောင်နဲ့ တွေ့ဖြစ်တော့ လက်ရှိဟော့ဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်း မေးဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေအပေါ် ပရိသတ်တစ်ယောက်အနေနဲ့ရော၊ အနုပညာရှင်တစ်ဦးအနေနဲ့ပါ ဘယ်လိုမြင်သလဲဆိုတာကို မေးဖြစ်တဲ့အခါ ရန်အောင်က…..

“အရမ်းဂုဏ်ယူတာပဲ။ နောက်ပိုင်းမှာ အဲဒီလိုဇာတ်ကားကောင်းကောင်းတွေကို အရသာရှိရှိမကြည့်ရတာကြာပြီလေ။ ‘မီ’ သွားကြည့်ပြီးပြီ။ ‘မုန်းစွဲ’ သွားကြည့်ပြီးပြီ။ ‘မုန်းစွဲ’ကလည်း သူ့ဟာနဲ့သူ ဇာတ်အိမ်က ခိုင်မာပြီးတော့ ပါလာတဲ့သူအားလုံးကလည်းတော်တော်လေးကောင်းတယ်။ အထူးသဖြင့် နေတိုးပေါ့လေ။ နေတိုးကတော်တယ်။ မိတ်ကပ်ကအစပေါ့။ ကျွန်တော် ဘယ်အချိန်များ ဟာသွားမလဲပေါ့လေ။ မှည့်လေးပေါ့လေ။ ကလေးလေးအစစ်မှာက မှည့်လေးပါတယ်။ အဲဒါလေးကို အုပ်ထားတာ။ သူကြီးတဲ့အထိကို အဲဒါလေးကို သယ်လာတယ်ဗျ။ ပရိသတ်တွေ အဲဒါကို မြင်ချင်မှမြင်မယ်။ ကျွန်တော်ကြည့်တာတော့ ပုလင်းနဲ့ ခေါင်းနဲ့ ရိုက်ခွဲတဲ့အချိန်မှာ ဒဏ်ရာတွေကို သယ်လာတယ်။ ရင်ဘတ်က အမှတ်ကို သူရအောင်ထည့်ထားတယ်။ နှစ်ခုက တကယ်ကွဲတယ်။ ပြီးတော့ တရားကို တကယ်ကြည်ကြည်လင်လင်သိသွားတဲ့ ဦးပဉ္စင်းနဲ့ ချစ်စွဲမှာ မရုန်းနိုင်သေးတဲ့ ဦးပဉ္စင်းနဲ့ နှစ်ကိုယ်ကလည်း ကွဲပါတယ်။ ပြီးတော့ ရိုက်ချက်တွေလည်းတော်တော်ကောင်းပါတယ်။ ကိုကျော်ထွန်း(ဒါရိုက်တာ သြရသ)ကိုလည်း ချီးကျူးပါတယ်။ အဲဒီမှာ ပါဝင်တဲ့သူ အားလုံး အားလုံးက တော်ပါတယ်။ ဖွေးဖွေးလည်းတော်တယ်။ မအေးသောင်းလည်းတော်တယ်။ ကျော်ကျော်ဗိုလ်လည်းတော်တယ်။ အဲဒီတော့ ‘မုန်းစွဲ’ က အင်မတန်ကောင်းတဲ့ကားလို့ အစ်ကို သုံးသပ်တာပေါ့လေ။

‘မီ’လည်း သွားကြည့်တယ်။ ‘မီ’ ကတော့ ဒါရိုက်တာကို တော်တော် ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်ရုံတန်ရုံ စိတ်ဝင်စားမှုမျိုးနဲ့ သူ ဒီဟာကို မတည်လောက်ဘူး။ သူအရိုးထဲက၊ အသားထဲက အင်အားတွေထုတ်ပြီးတော့ ဒီလို ဇာတ်ကြီးကို တည်ထားတာ။ ပြီးတော့ ပီပီပြင်ပြင်လုပ်ထားတယ်။ ပိုင်ဖြိုးသုကလည်း အရမ်းကြိုးစားတာတွေ့ရတယ်။ အဓိကက ဒါရိုက်တာကို ချီးကျူးပါတယ်။ ဒါရိုက်တာက ဒီဟာကို အကောင်းဆုံးဖြစ်အောင်တင်ပြတာပေါ့လေ။ အဲဒါကိုကြိုက်တယ်။ နောက်ပြီး အ၀တ်အစားဆင်ယင်မှုတွေကို အရမ်းသဘောကျတယ်။ ပြီးတော့ ဒီတစ်ကားလုံးကို ကာလာလုပ်ထားတ အရမ်းသဘောကျတယ်။ သူတတ်နိုင်သလောက်ကို တော်တော်လုပ်ထားတာ။ ကျွန်တော်ဆိုလို့ရှိရင် ဒါကြီးကြည့်ပြီးတော့ ဟိုအရင်တုန်းက ‘ရတနာခင်ခင်ကြီး’ တို့ကို ပြန်ရိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေနံချောင်းမှာ ရေနံစင်မရှိတော့ဘူးမဟုတ်လား။ အဲဒီခေတ်ကို သူပြန်ဖန်တီးလို့ရတယ်။ ဒီလို Animation မျိုးနဲ့ဆိုရင်လေ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071