Tuesday, July 21, 2026

သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးနှိမ်နင်းရာတွင် ဒရုန်းများကို အသုံးပြု

        သီရိလင်္ကာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင် မှုဌာနများနှင့် ဆေးရုံများသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် နိုင်ငံ၏...

ဖိလစ်ပိုင်သမ္မတ မားကို့စ်က တပ်မတော်ဦးစီးချုပ်သစ်အဖြစ် အန်တိုနီယို...

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် အန်တိုနီယို နာဖာရက်တီ (Antonio Nafarrete) ကို နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ (AFP) ၏...

7 EAO Alliance က...

နေပြည်တော်၊ဇူလိုင်-၂၁ NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 7 EAO Alliance က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပုံစံဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရေးနှင့်...

အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်‌မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအ‌ဝေးမှ...

အရှေ့အလယ်ပိုင်းဒေသတွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားနေသော ရန်လိုမှုများအပေါ် ကြီးစွာသော စိုးရိမ်ပူပန်မှုများရှိနေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ...
HomeMoviesဟုမ္မလင်းတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊...

ဟုမ္မလင်းတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊ မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းနေသူများကို ရေဘေးသတိပေး

ဟုမ္မလင်း၊ ဇူလိုင် ၂၁

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီထုတ် ရေကြီးမှုအခြေအနေ သတင်းအရ၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ် တိုင်းထွာချက်တွင် ဟုမ္မလင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ခြင်း၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် မိုး/ဇလက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးနှိမ်နင်းရာတွင် ဒရုန်းများကို အသုံးပြု

        သီရိလင်္ကာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ဆောင် မှုဌာနများနှင့် ဆေးရုံများသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များကိုပါ အားကိုးအားထားပြုနေရသည်။       ခြင်ပေါက်ဖွားမှုကို နှိမ်နင်းသည့် စီမံချက်တွင် မိုးရွာသွန်းပြီးနောက် အိမ်ခေါင်မိုးများပေါ်ရှိ ရေဝပ်‌ေသာ နေရာများကို လေတပ်ဒရုန်းများဖြင့် လိုက်လံရှာဖွေခြင်းမှ အစပြု၍ အိမ်များ၊ အဆောက်အအုံများနှင့် စာသင်ကျောင်းများကို စစ်ဆေးရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကူအညီရယူခြင်းအထိတိုင် လုပ်ငန်းအစီအစဉ်များပါဝင်သည်။       ဇန်နဝါရီလမှစတင်၍ သေဆုံးသူ ၅၃ ဦးနှင့် ရောဂါကူးစက်သူ ၇၆,၀၄၄ ဦး ရှိပြီဖြစ်ကာ...

ဖိလစ်ပိုင်သမ္မတ မားကို့စ်က တပ်မတော်ဦးစီးချုပ်သစ်အဖြစ် အန်တိုနီယို နာဖာရက်တီကို ခန့်အပ်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် အန်တိုနီယို နာဖာရက်တီ (Antonio Nafarrete) ကို နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ (AFP) ၏ တပ်မတော်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်ဖြစ်သည့် နာဖာရက်တီသည် တပ်မတော်ဦးစီးချုပ်အဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာ (Romeo Brawner Jr.) ၏နေရာကို ဆက်ခံမည်ဖြစ်သည်။ စစ်မှုထမ်းသက် ၃၆ နှစ်ရှိ နာဖာရက်တီသည် ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့များနှင့် ကွန်မြူနစ်ပြောက်ကျားအဖွဲ့များကို တိုက်ဖျက်သည့်...

7 EAO Alliance က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်ရန် ဆက်လက်ကြိုး ပမ်းမည်ဟု ပြော

နေပြည်တော်၊ဇူလိုင်-၂၁ NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 7 EAO Alliance က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပုံစံဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရေးနှင့် လုပ်ငန်းစဉ်တွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကို ဇူလိုင် ၂၁ ရက်က ကျင်းပပြီးစီးခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် 7 EAO Alliance တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ အပြီးတွင် 7 EAO Alliance ဆွေးနွေးညှိ နှိုင်းရေးအဖွဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071