Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeCelebrities' Newsသရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေ

သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေ

Kit Kit

ဟာသသရုပ်ဆောင်ကစ်ကစ်က ကျောက်ကပ်နဲ့ ဆီးချို၊ သွေးချိုဝေဒနာကြောင့် အနုပညာလုပ်ငန်းများမလုပ်ကိုင်ခဲ့တာ ၂လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အိမ်မှာပဲ အနားယူနေတဲ့ ကစ်ကစ်က သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့…

” ကျောက်ကပ်က လုံးဝမရှိတာ မဟုတ်ဘူး။ ဆီးချို၊ သွေးချိုကြောင့် ကျောက်ကပ်ထိခိုက်သွားတာ။ အခုတော့ သက်သာလာပါပြီ။ ဆီးချို၊ သွေးချိုရော၊ ကျောက်ကပ်ရော ညာဘက်မျက်လုံးတစ်ဖက်က ခုဆိုမမြင်ရတော့ဘူး။ ဆီးချို၊ သွေးချိုကြောင့် မျက်လုံးကိုထိတယ်။ ဆီးချို၊ သွေးချို ကြောင့် ကျောက်ကပ်ကိုထိတယ်။ တစ်နေ့က အနုပညာ ရှင်တွေ ဂျပန်ဆေးရုံကို တင်ပေးဖို့ဆိုပြီး ပို့ပေးတယ်။ ဆေးရုံတက်ရလောက်တဲ့အခြေအနေမဟုတ်ဘူးဆိုပြီး ပြန်လွှတ် လိုက်တယ်။ အခုအိမ် ရောက်နေပါပြီ။ အရင်ကထက်စာ ရင် တော်တော်လေးပြန်ကောင်းနေပါပြီ။ မျက်စိတစ်ဖက်က တော့ ကောင်းကောင်းမမြင်ရသေးပါဘူး။ အခုဆီးချို၊ သွေးချိုကျအောင် အစားအသောက်တွေလည်း ဆင်ခြင် ပြီး ကျန်းမာအောင်နေနေပါတယ်” လို့ ပြောပါတယ်။ ကစ်ကစ်ရဲ့ဆေးဝါးကုသစရိတ်အတွက် အနုပညာရှင်များကလည်း အလှူငွေများလှူဒါန်းကြတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ကစ်ကစ်က…

” ကိုယ့်ရဲ့ဖြစ်ပျက်နေတဲ့ အခက်ခဲ၊ အကျပ်တည်းကို သူတို့ကဝင်ပြီး ဖြေရှင်းသလိုမျိုး ဖြစ်သွားတယ်။ အစ်မဖြစ် တုန်းကဆိုရင် အိပ်ရာထဲမှာ ပက်လက်၊ခြေထောက် တစ်ခုလုံး ယောင်ကိုင်းနေတာ။ သားမိနှစ်ယောက်တည်းနေ တာဆိုတော့ ဘယ်သူမှလည်း မသိကြဘူး။ ဆရာဝန်လည်း သွားမပြနိုင်ဘူး။ မဂွမ်းလေးတို့ဆို အစကနေ အကုန် လုံးကို လိုက်လုပ်ပေးရှာပါတယ်။ မခိုင်ကြီး (ထွန်းအိâန္ဒာဗို)ဆိုလည်း အိမ်တိုင်ရာရောက်လာကြည့်တယ်။ နှင်းဆီ အဖွဲ့သားများ၊ ကိုခန့်စည်သူ၊ အေးအေးအောင်၊ စံရတီ မိုးမြင့်အစရှိတဲ့အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးကောင်းအောင် အစားအသောက်တွေ ရှောင်ပြီး နေပါ့မယ်လို့ ကတိပေးပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လာရောက်လှူဒါန်းတဲ့ အလှူ ရှင်တွေရော၊ လှူဒါန်းမယ့် အလှူရှင်တွေအတွက်ကို ကစ်ကစ်စကားလေးတစ်ခွန်း ပြောချင်ပါတယ်။ လာ ရောက်လှူဒါန်းတဲ့ ပိုက်ဆံများထဲမှ ကျန်တဲ့ပိုက်ဆံကို ဖိုးဝဗီဒီယိုထုတ်လုပ်ရေးက မမူကိုအပ်ထားပါတယ်။ ဆေးပဒေသာပင်ပုံစံမျိုးလုပ်ထားပါတယ်။ ကစ်ကစ် ကျန်းမာရေးကောင်းတဲ့အချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရန်သူမျိုးငါးပါးနဲ့ကြုံရင် ကစ်ကစ်က ဒီပဒေသာပင်ထဲက နေပြီး လှူဒါန်းသွားမှာပါ” လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071