Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMyanmar Theatrical Traditionသံချပ်အဖွဲ့တွေ နည်းသွားရခြင်းက ငွေကြေး...

သံချပ်အဖွဲ့တွေ နည်းသွားရခြင်းက ငွေကြေး အခက်အခဲတွေကြောင့်ဖြစ်ကြောင်း ဦးဧရာပြော .

ဟာသသရုပ်ဆောင် ဦးဧရာက အခုလက်ရှိမှာတော့ ရုပ်သံဇာတ် လမ်းတွဲတစ်ခုကို ရိုက်ကူးနေပါတယ်။ သင်္ကြန်အပြီးမှာလည်း ရခိုင်ပြည်နယ်ဘက်မှာ ဇာတ်လမ်းတွဲတစ်ခုထပ်မံ သွားရောက်ရိုက်ကူးဦးမှာဖြစ်ကြောင်း သိရပါတယ်။ သူ့အနေနဲ့ ခါးခွဲထားရတာဖြစ်တာကြောင့် အရင်လိုတော့ လမ်းတအားလျှောက်လို့မရဘဲ အကြာကြီးထိုင်လို့မရတာတွေတော့ ရှိကြောင်း ဦးဧရာက ပြောပါတယ်။ ဒါကြောင့်လည်း ဇာတ်ကားတွေ လက်ခံရိုက်ကူးတဲ့အခါမှာလည်း သူ့ရဲ့ကျန်းမာရေးအရ ကြည့်ပြီးတော့လက်ခံဖြစ်ပါတယ်လို့ ပြောပါတယ်။

“ဘောလုံးကန်တဲ့ကားတွေတော့ ရိုက်ကူးလို့ မရတော့ဘူး။ စစ်ကားဆိုလည်း မလွယ်ဘူးလေ။ ဒါပေမဲ့ ရိုက်ကြတဲ့ဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ ဆေးရုံကဆင်းပြီးမှ ကျွန်တော့်အတွက် စိတ်ခွန်အားလည်း ဖြစ်စေတယ်။ သူတို့တွေက ကိုယ်ကျန်းမာရေး အပြည့်အဝမကောင်းသေးမှန်းသိလျက်နဲ့ ကျွန်တော့်ကို ခေါ်ရိုက်ကူးကြတယ်။ အဲဒါလေးက အင်မတန်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားတွေကို မသေမချင်း ရိုက်ချင်တာပဲလေ။ ခေါ်ရိုက်တဲ့ လူရှိရင်ပေါ့လေ” လို့ ဦးဧရာက ပြောပါတယ်။ သူက ဒီနှစ်သင်္ကြန်မှာတော့ ပျော်တော်ဆက်အဖွဲ့ဆိုပြီး သင်္ကြန်သံချပ်ထွက် ဖို့ စီစဉ်ခဲ့ပေမယ့်လည်း စပွန်ဆာအခက်အခဲရှိတာကြောင့် မထွက်ဖြစ်ခဲ့ပါဘူး။YBS မဏ္ဍပ်မှာ ပြုလုပ်မယ့် သံချပ်ပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ဖြစ်ခဲ့ပြီး ဒီနှစ်သင်္ကြန်မှာတော့ သံချပ်အဖွဲ့တွေ ထွက်တာနည်းသွားတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်ထင်တာကတော့ ငွေရေးကြေးရေးကြောင့်ပါပဲ။ စရိတ်စကတွေများလာတော့လေ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သံချပ်အဖွဲ့ထွက်မယ်ဆိုတာက ငါတို့သံချပ် အဖွဲ့ထွက်မယ်။ ဝင်ကြေးထည့်ဆိုပြီး ထွက်ကြတာလေ။ ဒီဘက်ခေတ်ကျတော့ အဲလိုမဟုတ်တော့ဘူး။သံချပ် အဖွဲ့တစ်ဖွဲ့ထွက်ဖို့အတွက်ကို စပွန်ဆာရှာရတယ်။ ရမှပဲ ထွက်နိုင်ကြ တယ်။ ဝါသနာပါသူများ စုစည်းပြီး ထွက်ကြမယ်။ ထွက်လို့မရဘူးလားဆိုတော့လည်း မရပါဘူး။ ဝါသနာပါသူများ စုစည်းတဲ့ပိုက်ဆံက မလုံလောက်ဘူး” လို့ သံချပ်အဖွဲ့တွေ နည်းသွားရခြင်းအကြောင်းကို ဦးဧရာက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071