Tuesday, August 4, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...
HomeInternationalသူသည်တရုတ်သွေးနှောပါဟုပေတုံတန်ကတရုတ်ခရီးသွားများကိုပြောကြား

သူသည်တရုတ်သွေးနှောပါဟုပေတုံတန်ကတရုတ်ခရီးသွားများကိုပြောကြား

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် တရုတ်ခရီးသွားများအနေဖြင့် ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်မှုများ လျော့ပါးစေရေးအတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန်က ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ရာ၌ သူသည်ပင်လျှင် တရုတ်သွေးနှောသူဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများ လုံခြုံဘေးကင်းရေးအတွက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရှု့ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော တရုတ်သရုပ်ဆောင်လူငယ်တစ်ဦး ကို မြန်မာဘက်ရှိ ငွေလိ-မ်ဂိုဏ်းတစ်ခုဆီမှ ပြန်လည်ကယ်တင်ခဲ့ရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းမှစကာ ထိုင်းနိုင်ငံ၏ အဓိကပြည်ပခရီးသွားအုပ်စုဖြစ်သည့် တရုတ်နိုင်ငံသားများအတွက် ထိုင်းနိုင်ငံအတွင်း ဘေးကင်းလုံခြုံရေးမှာ ဆွေးနွေး ပြောဆိုစရာ ကိစ္စ တစ်ရပ်ဖြစ်နေခဲ့သည်။

“ထိုင်းလူမျိုးတွေက တရုတ်နိုင်ငံကို ကိုယ့်အိမ်လိုသဘောထားပြီး အမြဲလာကြတယ်၊ ဒီလိုပဲ တရုတ်လူမျိုးတွေလည်း ထိုင်းနိုင်ငံကို ကိုယ့်အိမ်ရာလို သဘောထားပြီး လာနိုင်ကြမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု မစ္စပေတုံတန်က ပေကျင်းတွင် နိုင်ငံပိုင် ချိုင်းနားဒေးလီးသတင်းဌာနသို့ ကြာသပတေးနေ့က ပြောကြားခဲ့သည်။

အခြေခံအဆောက်အဦ၊ လျှပ်စစ်ကားများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအပြင် သူ၏ မွေးရပ်မြေသို့ လာရောက်သည့် တရုတ်ပြည်သူများကို ယုံကြည်စိတ်ချမှုပေးရေးမှာလည်း ထိပ်တန်းဦးစားပေးဖြစ်ပါသည်ဟု ဆိုခဲ့သည်။

ရာဇဝတ်ဂိုဏ်းများကို ထောက်ပံ့ ဖြန့်ဖြူးပေးထားသော လျှပ်စစ်နှင့် ရေကို ဖြတ်တောက်ခြင်းဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရာတွင် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချီးကျူးခဲ့သည်ဟု ထိုင်းအစိုးရက ပြောသည်။

“ရှင်တို့သိမှာပါ၊ ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ကျွန်မက တရုတ်သွေးနှောဆိုတာကို” ဟု ပေတုံတန်က ပြောခဲ့ပြီး “တရုတ်ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုကောင်းကောင်းပေးနိုင်တယ်လို့ ကျွန်မ အာမခံပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆ ရက်အထိကျင်းပလျက်ရှိသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေးထိပ်သီးအစည်းအဝေး-၂၀၂၆ တွင် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးကာလ၏ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတကာမှ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၊ ဂါနာနိုင်ငံ၊ Accra မြို့၊ Turkiye နိုင်ငံ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071