Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeMusicသူများတွေကို ပျော်အောင်လုပ်ပေးရင်း သင်္ကြန်အကြတ်နေ့...

သူများတွေကို ပျော်အောင်လုပ်ပေးရင်း သင်္ကြန်အကြတ်နေ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဒီဂျေဝိုင်း

 

သင်္ကြန်နဲ့ ခွဲမရတဲ့ အနုပညာသမားတစ်ယောက် ရှိပါတယ်။ သူကတော့ ပရိသတ်တွေကို ဒီဂျေနဲ့ ဖျော်ဖြေပေး နေတဲ့ DJ Wine (Double U)ပါ။ သူ့ကို သင်္ကြန်မှာမွေးတယ်။ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)ဟာ ဒီဂျေဝိုင်းရဲ့မွေးနေ့ဖြစ်ပါတယ်။ သူကတော့ သူများတွေကို ပျော်အောင်လုပ်ပေးရင်း မွေးနေ့မှာ ကိုယ်လည်း ပျော်ရွှင်ရ တဲ့အရသာကို သဘောကျနေတာပါ။ ကဲ … ဒီဂျေဝိုင်းရဲ့ မွေးနေ့ ဖြတ်သန်းမှု ရယ်၊ အလှူအတန်းတွေရယ်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ …

“အမြဲတမ်းက အဲဒီလိုပါပဲ။ သူ များတွေကို ပျော်အောင်လုပ်ပေး ရင်းနဲ့ ကိုယ်လည်းပျော်သွားတာပေါ့။ ညကျတော့ သူငယ်ချင်းတွေနဲ့အတူ တူ Dinner ထမင်းစားကြ၊ ဒီလောက်ပါပဲ။ အများကြီးတော့ မရှိ ပါဘူး။ ဒီနှစ်က ကျွန်တော့် အသက် ၃၁ နှစ် ပြည့်တဲ့နှစ်ပါ။ မွေးနေ့ အမှတ်တရကတော့ နှစ်တိုင်းအလွဲလေးတွေ တစ်ခုမဟုတ်တစ်ခုရှိ တယ်။ အတွေ့အကြုံလေးတွေပေါ့။ မွေးနေ့ပြီးသွားရင်တော့ ကောင်းသွားရော။ မွေးနေ့မှာ လူတွေကိုပျော်အောင် လုပ်ပေးရတဲ့ အတွက် ကိုယ်လည်းပျော်ပါတယ်။ မွေးနေ့မှာ ကျွန်တော်သာ အိမ်မှာ မရှိတာ။ သင်္ကြန်မှာ ကျွန်တော် ဖျော်ဖြေလို့ရတဲ့ ပိုက်ဆံတွေ ကို အိမ်နားက ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်တဲ့ ယောဂီတွေအတွက် ဆွမ်းဒါနပြုတယ်။

အဲဒါကတော့ ကျွန်တော်မရှိလည်း အိမ်က လူတွေက သွားလှူပေးတယ်။ ပြီးရင် သာဓုခေါ်ပေးဖို့ ဖုန်းလှမ်းဆက်တယ်။ အဲဒီလိုမျိုးကတော့ ရှိပါတယ်”လို့ ဒီဂျေဝိုင်းက ပြောပါတယ်။သင်္ကြန်အကြိုနေ့ညမှာInfinity Indoor Music Festivalမှာ ဖျော်ဖြေခဲ့သလို ပုံမှန်ဖျော်ဖြေနေကျ မဏ္ဍပ်တွေဖြစ်တဲ့TMF တို့မှာလည်း ပင်တိုင်ဖျော်ဖြေခဲ့ပါတယ်။ သင်္ကြန်အကျနေ့ကတော့ မန္တလေးက မဏ္ဍပ်တွေမှာ သွားရောက် ဖျော်ဖြေခဲ့ တယ်လို့ ဒီဂျေဝိုင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071