Saturday, June 27, 2026

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...
HomeMyanmar Theatrical Traditionသီးလေးသီးအဖွဲ့၏ ၁ဝ...

သီးလေးသီးအဖွဲ့၏ ၁ဝ နှစ်ပြည့်ပွဲကို မျှော်စင်ကျွန်းတွင် ဝင်ကြေး အခမဲ့ဖြင့် ပြုလုပ်မည်

Thee4-Thee

သီးလေးသီးအငြိမ့်အဖွဲ့က  နိုဝင်ဘာလထဲမှာ  အဖွဲ့သက်တမ်း ၁ဝ နှစ်ပြည့်  အမှတ် တရအနေနဲ့ အငြိမ့်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့  အခမဲ့အနေနဲ့  မျှော်စင်ကျွန်းမှာ  ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီပွဲအတွက်ကိုလည်း ပြင်ဆင်နေကြပါပြီ။

“တန်ဆောင်တိုင်လပြည့်နေ့လောက်ပေါ့။ ပွဲကိုအဲဒီနားဝန်းကျင် လောက်မှာပဲ လုပ်ဖြစ် မှာပါ။ ကျွန်တော်တို့ သီးလေးသီးအမှတ်တရ ပွဲဖြစ်တဲ့အတွက် အခမဲ့ပဲလုပ်ဖြစ်သွားမှာပါ” လို့ ပွဲနဲ့ ပတ်သက်လို့သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီးကပြောပါတယ်။

သီးလေးသီးအဖွဲ့အနေနဲ့ အရင်အစိုးရလက်ထက်မှာလည်း ထောက်ပြစရာရှိတာများ ကို ပြက်လုံးများထုတ်ကာ ပြည်သူတွေ ကိုယ်စား ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်အခုအစိုးအရလက်ထက်မှာလည်း ဘယ်လိုထောက်ပြ ဝေဖန်မှုများကို ပြက် လုံးတွေနဲ့ တင်ဆက်မလဲဆိုတာကို မေးမြန်းကြည့်တဲ့အခါမှာတော့……

“ကျွန်တော်တို့တွေ အခုမပြောဘူးလားဆိုတော့ ပြောပါတယ်။ ဒါပေမဲ့ ဟိုးအရင် တုန်းကတော့ ပိုပြောတယ်။ အရင်တုန်းကတော့ တစ်တိုင်းတစ်ပြည်လုံး ပြောချင်တာကို ကျွန်တော်တို့ကပြောရတာ။ အခုကကျတော့ ကျွန်တော်တို့ ပြောမယ်ဆိုရင်ကို ကျွန်တော် တို့မှာ ပြန်ချင့်ချိန် ရတယ်။ ဒါကလူထုပြောစေချင်တဲ့ အရာလား၊ ဒါကအခြားဘက်ကို ပါလား၊ ဒီဘက်ကိုပါနိုင်လားဆိုတဲ့ အစွန်းရောက်တဲ့ဘက်တစ်ခုကို မရောက်ဖို့အတွက် တချို့ပြက်ချင်တဲ့ ပြက်လုံးမျိုးဆိုရင် ကျွန်တော်တို့မှာ စဉ်းစားရတယ်။ ၂ဝဝ၇ ခုနှစ် လောက်အထိ နိုင်ငံရေး ပြက်လုံးဆိုရင် လူတွေကအုံးအုံးထအောင် ကြားချင်ကြတယ်။ အခု နောက်ပိုင်းကျတော့ ဖေ့စ်ဘုတ်က ကျွန်တော်တို့ ထက်ပြောပါတယ်။

ကာတွန်းဆရာတွေက ကျွန်တော်တို့ထက်ပြောပါတယ်။ ကျွန်တော်တို့ပြောတာလေး က သိပ်မထိရောက်ဘူးထင်ပါတယ်။ အချိန်ကာလအရ နိုင်ငံရေးပြက်လုံးဆိုတာ နည်းနည်းလေးပေါ့သွားတယ်။ အရင်ကာလနဲ့ မတူဘူး ။ ကာလချိန်းသွားတဲ့ သဘောပေါ့” လို့ လူရွှင်တော် ပန်းသီးကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071