Saturday, June 27, 2026

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...

ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက...

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ" (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့်...
HomeNewsLocal Newsယူရီးယားနှင့် DAP မြေဩဇာ...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်း ထုတ်ပြန်

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ်

တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဖြင့်လည်းကောင်း၊ Di-Ammonium Phosphate (DAP) အခြေခံ ၁၅-၁၅-၁၅ မြေဩဇာ ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဖြင့်လည်းကောင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းအဖြစ် ရောင်းချရန် အသင်းဝင်ကုမ္ပဏီများအား ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် Complex ၁၅-၁၅-၁၅ မြေဩဇာအတွက် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိကြောင်း၊ အဆိုပါဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသည့် လက္ကားရည်ညွှန်းဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသင်းက အသိပေးထားသည်။

ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဖုန်း ၀၆၇-၄၁၀၀၃၅ သို့မဟုတ် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) ၏ ဖုန်း ၀၉-၉၈၈၅၃၉၃၆၀ နှင့် ၀၉-၆၆၅၄၀၇၈၉၀ တို့သို့ ဆက်သွယ်၍ အသိပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို (၄-၁) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် (၃၂)သင်းအဆင့် တက်ရောက်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်းတွင် ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဒမ်ဘီလီက ပွဲချိန် ၇ မိနစ်၊ မိနစ် ၂၀ နှင့် ၃၂ မိနစ်တို့တွင် သွင်းဂိုးများသွင်းယူကာ ပထမပိုင်းအတွင်း ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဌာနပိုင်အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ဖျ-က်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။ အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းသည် အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071