Tuesday, June 2, 2026

ဂန့်ဂေါမြို့နယ်၌ လေပြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ထွေအုပ်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဂန့်ဂေါမြို့၊...

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု...

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ ဇွန် ၁ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်...

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ...

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန်၊ ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်ရန် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံ/နည်းလမ်း ပေါင်းစုံဖြင့်ကြော်ငြာပေးရန် လိုအပ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ရောက်ရှိ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက နယူးဒေလီမြို့မှတစ်ဆင့် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ မွမ်ဘိုင်းမြို့၊ Chhatrapati Shivaji...
HomeNewsLocal Newsသီပေါမြို့နယ်တွင် လျှပ်စစ်မီးမရသည်မှာ သုံးနှစ်...

သီပေါမြို့နယ်တွင် လျှပ်စစ်မီးမရသည်မှာ သုံးနှစ် နီးပါးရှိပြီဖြစ်၊ မည်သည့်အချိန် မီးရနိုင်မည်လည်း သီပေါကိုယ်စားလှယ် မေးခွန်းထုတ်

သီပေါမြိုနယ်တွင် လျှပ်စစ်မီး မည်သည့်အချိန်မှာ ရရှိနိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး
သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ယနေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ပထမနေ့တွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

“၂၀၂၃ ကစပြီး နယ်မြေမတည်ငြိမ်မှုနဲ့ ပြည်တွင်း ပဋိပက္ခဖြစ်ပွားခဲ့တယ်။ လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်ခဲ့ရပါတယ်၊ လျှပ်စစ်မီးမရရှိတာဟာ သုံးနှစ်နီးပါး ရှိပြီးဖြစ်ပါတယ်။ မီးမရတော့တာကြောင့် ဒေသတွင်းမှာ ကျန်းမာရေး၊ ပညာရေး ဆက်သွယ်ရေးတွေမှာ အင်မတန် ခက်ခဲခဲ့တယ်” ဟု မေးခွန်းမေးမြန်းစဉ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုပြင် လျှပ်စစ်မီးမရရှိခြင်းကြောင့် သီပေါမြို့နယ်တွင် ဖုန်းပြောနိုင်ရန် တစ်ရက်ကို ကျပ်ငွေ သိန်း ၁၁၀ ခန့် ဆီဖိုးကုန်ကျနေကြောင်းလည်း ပြောကြားခဲ့သည်။

“ဆိုလာစနစ်ကို အစားထိုးသုံးစွဲနေရတယ်။ တချို့က ဓာတ်ဆီသုံးပြီး မီးစက်တွေ အသုံးပြုနေရတယ်၊ ဆီ ခွဲတမ်းကမရတော့ တစ်လီတာကို ကျပ် ၁၂၀၀၀ ကနေ ၂၅၀၀၀ အထိ ပေါက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်လီတာ ၁၂၀၀၀ ပေးပြီး နေပြည်တော်ကို လာခဲ့ရတယ်။ ဒေသလိုအပ်ချက်ကို တင်ပြခြင်းဖြစ်ပါတယ်’’ ဟုလည်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ဆက်လက်ပြောကြားခဲ့သည်။

ထိုကြောင့် သီပေါမြို့နယ်အတွက် လျှပ်စစ်မီးကိစ္စက အလွန်အရေးကြီးပြီး မည်သည့်အချိန်တွင် မည်သို့ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ကို ဓါတ်အားပြန်လည်ပေးနိုင်ရေး ကူညီစောင့်ရွက်ပေးရန် ဝန်ကြီးဌာနက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ကို ၂၀၂၆ မတ်လ ၂၀ ရက်နေ့က တင်ပြထားကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးပါက သီပေါမြို့နယ် ၁၁ ရပ်ကွက် ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာများကို ဖြန့်ဖြူးနိုင်ရန် ကျေးရွာများတွင်ရှိသည့် ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာ ပျက်ဆီးခြင်းကို လတ်တလောမှာ စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း၊ နယ်မြေအခြေအနေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂန့်ဂေါမြို့နယ်၌ လေပြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ထွေအုပ်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ရှိ လူစည်ကားရာလမ်းဆုံနေရာများတွင် အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလများတွင်ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ်သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက်ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့်ဖုန်းနံပတ်များကိုအသိပညာပေးခဲ့ကာ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်(၂၀၀)ကိုလည အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းပြော

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ ဇွန် ၁ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများကင်းရှင်းပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်မှသာ ပြည်သူများ၏ယုံကြည်မှုကိုရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ပြောသည်။ ထို့ပြင် ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာအလွန်အရေးပါပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် အများပြည်သူ၏ယုံကြည်မှုကိုတည်ဆောက်ရန်အရေးကြီးကာ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားများဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကလည်း အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးစေနိုင်ကာ အဂတိလိုက်စားမှုများကျူးလွန်ပါက...

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန် ဆောင်ရွက်စေလိုကြောင်း ဒုဝန်ကြီး ပြော

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန်၊ ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်ရန် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံ/နည်းလမ်း ပေါင်းစုံဖြင့်ကြော်ငြာပေးရန် လိုအပ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောသည်။ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခြင်း ဖြစ်သည်။ ထို့အပြင် ခရီးစဉ်တစ်လျှောက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင် နေရာတစ်ခုဖြစ်အောင်ဆောင်ရွက်ကြပြီး ရထားလမ်းကြံ့ခိုင်မှုရှိမရှိ အစဉ်အမြဲစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ နှစ်ပေါင်း (၁၂၀) ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲကြား၊ မန္တလေး-လားရှိး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071