Home News Local News နိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းပြော

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းပြော

0
62

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ ဇွန် ၁ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများကင်းရှင်းပြီး စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်မှသာ ပြည်သူများ၏ယုံကြည်မှုကိုရရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ပြောသည်။

ထို့ပြင် ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာအလွန်အရေးပါပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် အများပြည်သူ၏ယုံကြည်မှုကိုတည်ဆောက်ရန်အရေးကြီးကာ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကလည်း အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးစေနိုင်ကာ အဂတိလိုက်စားမှုများကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အရးယူခံရမည့်အပြင် မိမိ၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်၍ သိရှိရှောင်ကြဉ်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း ကိုယ်တိုင်ပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here