Thursday, June 18, 2026

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...

Myanmar Women’s League 2026-27...

Myanmar Women's League 2026-27 ပြိုင်ပွဲ၏ Week-1 အဖွင့်ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ...
HomeCelebrities' Newsသားလေးရဲ့ ရက်တစ်ရာပြည့် မွေးနေ့နဲ့...

သားလေးရဲ့ ရက်တစ်ရာပြည့် မွေးနေ့နဲ့ အကြောင်းတိုက်ဆိုင်ပြီး မဟာသွံသာရ ရုပ်ရှင်တော်မြတ်ကြီးကို ပင့်ဆောင်ပူဇော်ခဲ့တဲ့ R ဇာနည်တို့မိသားစု

အဆိုတော် R ဇာနည်နဲ့ ဝမ်းတို့ မိသားစုက သားငယ်လေး ချစ်ချစ် တုန်ရဲ့ ရက်တစ်ရာပြည့်မွေးနေ့နဲ့ အ ကြောင်း တိုက်ဆိုင်ပြီး ဧပြီလ ၂၁ ရက်နေ့က မဟာသွံသာရရုပ်ရှင် တော်မြတ်ကြီးကို နေ့အိမ်မှာ ပင့် ဆောင်ပူဇော်ခဲ့ပါတယ်။ နေအိမ် မှာ ဘုရားပင့်ဆောင်ပြီး အလှူအတန်း တွေ လုပ်ဖြစ်တဲ့အကြောင်းကိုလည်း Rဇာနည်ရဲ့ ဇနီးဖြစ်သူဝမ်းက …

“သားငယ်ချစ်ချစ်တုန် မွေးနေ့ က ဧပြီ ၂ဝ ရက်တုန်းက ရက် ၁ဝဝ ပြည့်တယ်။ နောက်နေ့ ၂၁ ရက်နေ့ ရောက်တော့ အစ်မတို့ အိမ်မှာ မဟာသွံသာရဘုရားပင့်ဖြစ်ခဲ့တာပါ။ပုံမှန်ဆိုရင် ဦးတူးတူးတို့က ဒီရက်မှာ သူတို့အိမ်မှာ ဘုရားပင့်နေကျပါပဲ။ ဒါပေမဲ့ ဒီနှစ်တော့ သူတို့မိသားစုက ခရီးသွားစရာရှိတာကြောင့် အစ်မတို့ အိမ်ကိုပင့်ဖြစ်ခဲ့တယ်။ ရက်ကို ပြန် တွက်ကြည့်ပြန်တော့လည်း သားငယ် လေးရက် ၁ဝဝ ပြည့်မွေးနေ့နဲ့ တိုက် တိုက်ဆိုင်ဆိုင်လေးဖြစ်နေတာပါ။ အစ်မတို့ ရက်နဲ့တွက်ရင်တော့ ၂၁ ရက်နေ့ နေ့လယ်ပင့်လာပြီး ၂၂ ရက် နေ့ နေ့လယ်မှာတော့ ပြန်ကြွသွားပါ တယ်။ ဘုရားပင့်ပြီးတော့ အစ်မတို့ မိသားစုလည်း ဝတ္ထုငွေလှူတယ်။ နောက်ပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ပြီးတော့ သူတို့လည်း ဘုရားလာ ဖူးလို့ရတာပေါ့” လို့ ပြောပြပါတယ်။

R ဇာနည်တို့ မိသားစုကတော့ ဘာသာရေးကို ကိုင်းရှိုင်းသလို အလှူ အတန်းတွေလည်း အမြဲတမ်းပြုလုပ် ဖြစ်ကြတဲ့မိသားစုပါ။ သားသမီးကို လည်း ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မိခင်တစ်ဦးအနေနဲ့သင်ကြားပေးဖြစ်တယ်ဆိုတဲ့ ဝမ်းရဲ့စကားသံက …

“ဘာသာရေးနဲ့ပတ်သက်လို့ က အစ်မတို့ မိသားစုကတော့ အစ်မတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို တကယ်ပဲ အကြွင်းမဲ့ ယုံကြည်သက်ဝင်တယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကိုလည်း အမြဲတမ်းနာယူတယ်။ ကိုယ်ကိုယ် တိုင်ကလည်း ဗုဒ္ဓဘာသာဖြစ်ရ တာကို တကယ်ပဲဂုဏ်ယူဝမ်းသာရပါ တယ်။ အရင်ကလည်း အစ်မတို့ မိသားစုက မဟာသမယဘုရား တစ် ကြိမ်၊ ဘုရင်မကြီး ရှင်စောပုဘုရား ကိုလည်း တစ်ကြိမ်ပင့်ဖူးတယ်။ ဒါ ကြောင့် ဒီတစ်ခေါက်က တတိယ အကြိမ်ပါ။ သားကြီး ဖစ်ဖစ်တုန်ကို လည်း အချိန်ရရင်ရသလို ဘာသာ တရားကိုင်းရှိုင်းတတ်ဖို့၊ လူကြီးသူမ ကို ရိုသေဖို့ ဆုံးမဖြစ်တယ်။ ဘုရားစာ ကိုလည်း သင်ပေးဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071