ပေကျင်း၊ဖေဖော်ဝါရီ ၆
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ်နှင့် ကြာသပတေးနေ့က ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်တောင်းဆိုခဲ့သည်ဟုလည်းသိရသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်၌ သံတမန်ဆက်ဆံရေး ကိုထူထောင်ပြီးစဉ်မှ အစပြု၍ နှစ်နိုင်ငံအကြား နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှု သည် စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကိုချိန်ညှိဆောင်ရွက်ခဲ့သဖြင့် နယ်ပယ် အသီသီးတွင် အကျိူး ဖြစ်ထွန်းကာ လက်တွေ့ကျကျ ပူးပေါင်း ဆောက်ရွက်ခဲ့သည်။
ဘရုနိုင်းနှင့်တရုတ်နှစ်နိုင်ငံသည် နိုင်ငံတကာနှင့်ဒေသတွင်းကိစ္စရပ်များတွင် ကောင်းမွန်သည့်ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရှိပြီး မတူညီသည့်နိုင်ငံများအကြား တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေေရး၌ စံနမူနာပြ နိုင်ငံများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယင်းသို့ပူးပေါင်းကာ ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
