Wednesday, May 27, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို...

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...
HomeArticlesသမိုင်းဝင်ဆုတောင်းပြည့် နဂါးရုံဘုရား

သမိုင်းဝင်ဆုတောင်းပြည့် နဂါးရုံဘုရား

9

သမိုင်းအစကား သာသနာ သက္ကရာဇ် ၄ဝ၃ နှစ်တွင် တကောင်းမင်းဆက် ၄ဝ မြောက် သတိုးရာဇာမင်း(ဂဠုန်ရ)မင်းပြု၏။ ထိုအချိန်တွင် တောဝက်ကြီး တစ်ကောင်သည် တကောင်းပြည်အား အန္တရာယ်ပြုလျက်ရှိ၏။ သတိုးရာဇာ မင်းကြီး သည် အိမ်ရှေ့စံ ညီတော်ခေပဒူတ မင်းသား အား နှိမ်နှင်းရာ တောဝက်ကြီးသည် အရှင်အား ရန်တုံ့မှုမပြုဝံ့တော့သဖြင့် မောရှမ်း ဒေသသို့ ဝင်ပြေး သောကြောင့် ၄င်းအရပ်အား ဝက်ဝံဟု ယခုတိုင်ခေါ်တွင်လျက်ရှိ၏။ ခေပဒူ တမင် သားနှင့် အပေါင်းအပါတို့ သည် တောဝက် ကြီးနောက်လိုက်ရင်း အဆိပ်ပြင်း ထန်သော မြွေတစ်ကောင်ရဲမက်တစ်ဦးကို ကိုက်ခံရလေ၏။ မင်းသားလည်း မြွေကိုက်ခံရသော ရဲမက်အား ကုသရန် သမားတော်ရှာဖွေရင်း ‘မွန်မြတ်သော တော’ (ယခုမုံတော) နေရာသို့ ရောက်ရှိခဲ့၏။ မင်းသားလည်း ရသေ့အား မြွေဆိပ်ပြေစေ သောဆေးဝါး မန္တရားများဖြင့်ကုသပေး ရန်လျှောက်ထား၏။ ရသေ့မြတ်မှ “ငါ့မှာ ဆေးဝါးအထူးမရှိ၊ မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူး အထူးတန်ခိုးတော်ကြောင့်လည်း ကောင်း၊ ငါ၏သီလ၊ မေတ္တာဝေဒေနာကြောင့် လည်းကောင်း၊ ငါထံသို့ တရားနာလာကြ ကုန်သော နတ်၊ နဂါးတို့ ကူညီစောင့်ရှောက် ခြင်းကြောင့်လည်းကောင်း ဤအရံတွင်း ရှိနွယ်၊ မြက်၊ သစ်ပင်တို့သည် ဆေးဘက်ဝင် သည်”ဟု ဆိုလေ၏။

ခေပဒူတမင်းသားလည်း သီလဆောက် တည်အဓိဌာန်ပြုပြီးရွှေကဲ့သို့ နီဝါရောင် အဆင်းရှိသော မြေမှုန့်နှင့် နဂါးပွက်အိုင်မှ ရေကိုခပ်ယူ၍ မြွေကိုက်ဒဏ်ရာအား သုတ်လိမ်း ကုသလေ၏။ တခနအတွင်းပင် ရဲမက်စစ်သည် ၏ ဒဏ်ရာ အဆိပ်မှာ ပျောက် ကင်းလေ၏။ မြတ်စွာဘုရားသခင်၏ တန်ဖိုး တော်ကြောင့် နွယ်၊ မြက်၊ သစ်ပင်တို့ပင် ဆေးဘက်ဝင်ပြီး အနာရောဂါတို့ကို ပျောက်ကင်းစေ၏။ ဤကဲ့သို့ မွန်မြတ်သော ဌာနဖြစ်သည့်တောကို (မွန်တော) ဟုတွင်စေသတည်းဟု ကမ္ပည်းတင် လေ၏။ ကာ လကြာရှည်သောအခါ မွန်တောမှ မုံတောဖြစ် လာခဲ့သည်ဆိုလေ၏။

ခေပဒူတမင်းသားနှင့် ရသေ့သူတော် မြတ်တို့သည်ခုနစ်ရက်ခုနစ်လီ သီလ ဆောက် တည် တရားအားထုတ်ကြ၏။ နဂါး ပွက်အိုင် ကိုလည်း ကန်ဘောင်ဆင့်ပြီး ရသေ့သူမြတ်၊ ဘုရားရဟန္တာတို့၏ ဓာတ်တော်များ၊ မင်းသား၏ လက်ဝတ်ရတနာများ ဌာပနာပြီး စေတီ တစ်ဆူ တည်ထားခဲ့၏။ စေတီအားလည်း နတ်၊ နဂါးတို့ အစောင့်အရန်အဖြစ် သစ္စာပြုထားရှိ၏။ ထိုစေတီအားလည်း နဂါးရုံစေတီ အမည်ခေါ် တွင်စေ၏။ ခေပဒူတမင်းသားလည်း နဂါးရမင်း ဟုထင်ရှားခဲ့လေ၏။

ဆုတောင်းပြည့်နဂါးရုံဘုရားအား တည် ထားသည်မှာ သာသနာနှစ် ၄ဝ၁ ခု ကျော် ခန့် အချိန်ကာလဖြစ်၏။ သာသနာ သက္ကရာဇ်၁၅၈၈ ခုနှစ်တွင်ပုဂံပြည့်ရှင် အနော်ရထာမင်း၏ မိဖုရားစောမွန်လှမှ မွေအံဓာတ်တော် ဘုရား တစ်ဆူ လှူဒါန်းခဲ့၏။ သာသနာသက္ကရာဇ် (၁၆၅၆) ခုနှစ် ပုဂံသက္ကရာဇ် ၄၇၃ ခုနှစ်တွင် အလောင်းစည် သူမင်း တိုင်းခန်းလှည့်လည်စဉ်ဖောင်စကြ်ာဆိုက်ကပ်၍ ဖောင်တော်ဦးဘုရား တည်၏။ ထိုစဉ်မင်းတိုင်ပင် ပညာရှိအမတ် တစ်ဦး မြွေကိုက်ခံရ၏။ ဆေးဆရာ ရှာဖွေရာ ထိုအရပ်ရှိ လူများမှာ အနောက်ဘက် မွန်တော ရှိ ဆုတောင်းပြည့်နဂါးရုံဘုရားတွင် အဓိဌာန် ပြု၍ မြက်၊ သစ်ပင်၊ မြေစေးတို့ သုတ်လိမ်း ကာ ပျောက်ကင်းနိုင်ကြောင်း လျှောက်တင် ကြ၏။ မင်းကြီးလည်း လျှောက် ထားသည့် အတိုင်း ဆောင်ရွက်ရာ အသက် ချမ်းသာရ သည်ကို မြင်လေ၏။ အလောင်း စည်သူ မင်းလည်း အံ့သြဝမ်းမြောက်ပြီး မူလ စေတီတော်ကိုငုံ၍ ဥာဏ်တော် ၂၇ တောင်ရှိ ဘုရား စေတီတည်ပြီး တံတိုင်း၊ အရံအတား နှင့်တကွ တိုးချဲ့ပြုပြင် ခဲ့၏။

နှစ်ပေါင်းရှည်ကြာသမိုင်းအစဉ်လာကြီး ခဲ့သော ဆုတောင်းပြည့် နဂါးရုံဘုရားသည် ဟောင်းနွမ်းယိုယွင်းမှုများရှိလာသဖြင့် ၁၂၈၂ ခုနှစ်တွင် မုံတောရွာမှ ဦးမောင်မောင် နှင့် ဂေါပကအဖွဲ့တို့မှ ဦးစီးပြီးအလောင်း စည်သူမင်းတည်ခဲ့သောစေတီအား ငုံ၍ ဓာတ်တော်အစုံစုံကို စုပေါင်းဌာပနာပြီး ဆုတောင်းပြည့်နဂါးရုံဓာတ်ပေါင်းစေတီ အဖြစ် ပြုပြင် တည်ထားခဲ့၏။ ယခုအခါ တွင် အရန်စေတီများ၊ ကံမလို့ထူးနဂါး ပွက် လိုဏ်ဂူတော်၊ စောင်တန်းများဖြင့် သာသနာ့ ဂုဏ်ရောင် ပိုမိုလင်းပြောင် လာခဲ့လေ၏။

နိုင်ထွန်း(TGI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071