Tuesday, August 11, 2026

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့်...

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ...

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...
HomeMyanmar Theatrical Traditionသမီးတွေကို အနုပညာလိုင်း မသွင်းထားဘဲ...

သမီးတွေကို အနုပညာလိုင်း မသွင်းထားဘဲ ပညာတတ်ကြီးပဲ ဖြစ်စေချင်သူလူ ရွှင် တော် ထက် ထက်

တစ်ချိန်ကအငြိမ့်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ရွှေညီကို အငြိမ့်အဖွဲ့ကို ပရိသတ်တွေ အမှတ်ရနေကြမှာပါ။ ရွှေညီကိုအဖွဲ့မှာတော့ လူရွှင်တော်ငြိမ်းချမ်း၊ ကောင်းကျော်၊ ထက်ထက်၊ ဝိုင်းချစ်၊ ရှဲဒိုးတို့ ၅ ယောက်က အတွဲညီညီနဲ့ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကိုဘဝ အမောတွေ ပြေစေခဲ့တာပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း အချိန်ကာလတစ်ခု မှာတော့ ရွှေညီကိုအဖွဲ့ ကွဲခဲ့ရပြီး အခုဆိုရင် ကောင်းကျော်နဲ့ဝိုင်းချစ်တို့က အင်ပါယာ လူရွှင်တော်အဖွဲ့ကို တည်ထောင်ထားပြီး ငြိမ်းချမ်းနဲ့ ထက်ထက်တို့ကတော့ တစ်ကိုယ်တည်း လှုပ်ရှားနေကြပါတယ်။ ထက် ထက်က လူရွှင်တော်နဲ့ ဟာသသရုပ်ဆောင်အပြင် ပွဲတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ အနုပညာမဟုတ်တဲ့စီးပွား ရေးတွေကိုလည်း သူ့အနေနဲ့လုပ်ကိုင်ခဲ့ပေမယ့် အရင်းပြုတ်သွားတာတွေပဲများခဲ့တယ်လို့ သိရပါတယ်။

”ကျွန်တော်လက်ဖက်ရည်ဆိုင်ဖွင့်ဖူးတယ်။ ၁၅ ရက်နဲ့အရင်းပြုတ်သွားတယ်။ နန်းကြီးသုပ်တွေ၊ မုန့်ဟင်းခါးတွေ ရောင်းခဲ့ဖူးတယ်။ ၉ ရက်နဲ့ အရင်းပြုတ်သွားတယ်။ အဲဒီတော့ မလုပ်ရဲတော့ဘူး လေ။ ကိုယ်နားမလည်တာကို မလုပ်တာဘဲ ကောင်းတယ်လေ။ အဲဒီမှာတင် ကျွန်တော့်မှာ အတွေ့ အကြုံတွေ အများကြီးရသွားတယ်” လို့ လုပ်ကိုင်ဖြစ်ခဲ့တဲ့စီးပွားရေးတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ထက်ထက်က ပြောပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေပါးတဲ့ အချိန်တွေမှာ သမီးတွေကို အားကိုးနေရတယ်လို့ သူကဆက်ပြောပြပါတယ်။ သူ့သမီးနှစ်ယောက်စလုံးက ပညာရေးမှာထူးချွန်ကြပြီး အနုပညာကိုတော့ နှစ်ယောက်စလုံးကဝါသနာမပါဘူးလို့လည်း သိရပြန်ပါတယ်။

”ကျွန်တော်ကတော့သူတို့ကို လိုင်းမသွင်းထားဘူး။ ကျွန်တော့် အမျိုးသမီးကအစ မင်းသမီးပါ။ အထူးသဖြင့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က သမီးနှစ်ယောက်လုံးကို ပညာ တအားတတ်စေချင်တယ်။ အနုပညာကို စော်ကားပြီးလည်း မပြောပါဘူး။ လူရွှင်တော်နဲ့မင်းသမီးက မွေးတဲ့သမီးတွေဟာ ဆရာ ဝန်ဖြစ်ရမယ် အင်ဂျင်နီယာဖြစ်ရမယ်ပေါ့။ အဲဒါသူတို့ငယ်ငယ်လေးကတည်းက ရည်ရွယ်ချက်ထားထား တာပါ” လို့ သမီးတွေနဲ့ပတ်သက်လို့ သူက ပြောပြခဲ့ပါတယ်။

လူရွှင်တော်ထက်ထက်ရဲ့ သမီးကြီးက အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သမီးငယ်ကတော့ နိုင်ငံခြား ဘာသာတက္ကသိုလ်တက်နေပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်၊ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး ကျပ် ဘီလီယံ ၁၅၀ ကို ချေးငွေအဖြစ် ထုတ်ချေးပေးမည်

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး ယင်းအနက် ကျပ် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်းအဝေးမှ သိရသည်။ အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြေလျှော့ပေးထားပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071