Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsလွန်ခဲ့တဲ့ အနှစ်၂ဝ ကာလက...

လွန်ခဲ့တဲ့ အနှစ်၂ဝ ကာလက သီချင်းတွေကို ပြန်လည်နားဆင်ကြရမယ့် ဇော်ဝင်းထွဋ် ရဲ့ The Journey

ဇော်ဝင်းထွဋ်ရဲ့ The Journey လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် အခွေကို ဒီဇင် ဘာ ၁ ရက်နေ့ကဖြန့်ချိခဲ့ပါတယ်။ ဒီအခွေကသူ့ရဲ့သီချင်းများစွာထဲက တေးရေးမင်းချစ်သူရေးသားပေးထားတဲ့ သီချင်းအပုဒ်၂ဝ ကို ပြန်လည်ထုတ်နှုတ်ရွေးချယ်ပြီး အခွေထုတ်ခြင်းဖြစ် တယ်လို့ သိရပါတယ်။ ဒီအခွေနဲ့ ပတ်သက်ပြီး ဇော်ဝင်းထွဋ် က…

“Arrangement ပြန်ပြောင်းလို့ ကောင်းမယ့် သီချင်းမျိုးလေးတွေပေါ့။ အရင်တုန်းက တီးခတ်ထားတာ မပီပြင်ဘူးထင်ပြီး ပြန်တီးခတ်လိုက်ရင်တော့ ပိုမြောက်သွားမယ့် သီချင်းမျိုး လေးတွေ ဦးစားပေးပြီးရွေးထည့်ထားတယ်။ ကျွန်တော်က သေသေသပ်သပ်ဖြစ်အောင်ပဲ လုပ်တယ်။ ဒီသီချင်းကို တစ်အားကောင်းအောင်ဆိုပြီးတော့ မလုပ်ဘဲနဲ့ ဆိုတာကလည်း Recording မှာ သီဆိုတာမျိုး မဟုတ်ဘဲနဲ့ စတိတ်ရှိုးမှာ ဆိုသလိုမျိုး လုပ်ထားတာဆိုတော့ မုဒ်က ရှိုးမုဒ်ပုံစံမျိုး ပေါက်မှာပေါ့လေ။ အဲဒီလိုမျိုးတော့ လုပ်ထားတယ်”လို့ ပြောပြပါတယ်။

ဒီအခွေမှာပါဝင်မယ့် သီချင်းအပုဒ်၂ဝ လုံးက  သူ့အတွက်အမှတ်တရတွေ ဖြစ်ခဲ့သလိုပဲ တစ်ပုဒ်ချင်းစီက နှစ်တစ်နှစ်ကို ကိုယ်စားပြုတယ်လို့လည်း ပြောလို့ရတယ်လို့ သူကဆို ပြန်ပါတယ်။  “နှစ်၂ဝ လုံး ဒီဂီတကိုပဲ ကျွန် တော်တို့ အချိန်ပေးခဲ့တယ်။ အခုက နည်းနည်းလေးကိုယ်က နားတဲ့အချိန်မှာ ပြန်လှည့်ကြည့်လိုက်တော့ အော် .. ငါတို့တွေ အပူအပင်မရှိဘဲ ဘဝ ကို ဖြတ်သန်းခဲ့ပါလား ဆိုတဲ့စိတ်လေးလည်း ဖြစ်တာပေါ့လေ။

ဒါကြောင့်လည်း The Journey လို့ပေးလိုက်တာလေ။ သီချင်းတွေက ၅ ခွေ ပေါင်းထားတဲ့ သီချင်းတွေလေ။ အစောဆုံး သီချင်းဆိုရင် အနှစ်၂ဝ လောက်ရှိပြီလေ။ နောက်ထပ်လည်း ထပ်လာဦးမှာပါ။  အမှန် ကတော့ အပုဒ် ၄ဝ ထုတ်ချင်တာပါ။  ဒါပေမဲ့ တစ်ခါတလေကျရင်လည်း ကိုယ် စိတ်ကူး ထားတိုင်းလည်း မဖြစ်လာတာမျိုးတွေလည်းရှိတော့ သူတို့ကို အပုဒ်၂ဝ လေးနဲ့ပဲ နှစ်သိမ့် လိုက်တဲ့သဘောပေါ့”လို့ ဒီအခွေနဲ့ပတ်သက်လို့ဇော်ဝင်းထွဋ်က ပြောပြပါတယ်။ အခွေထွက် ရှိခြင်း အမှတ်တရ အနေနဲ့လည်း ပရိသတ်တွေအတွက် ဖျော်ဖြေပွဲကြီး တစ်ပွဲပြုလုပ်ပေးဖို့ရှိပြီး သီချင်းအပုဒ်ရေအများကြီးသီဆိုဖို့ စဉ်းစားထားတယ်လို့ ပြောပြပါတယ်။

“ဒီအခွေထဲက သီချင်းတွေနဲ့ ပွဲလေးတစ်ပွဲလောက် လုပ်မယ်ပေါ့လေ။ မကြာခင်မှာပေါ့။ အောက်ကပဲ နားထောင်နိုင်မလား။ အပေါ်ကပဲ ဆိုနိုင်မလားကြည့်တာပေါ့”လို့ အခွေ ထွက်ရှိခြင်း အမှတ်တရအနေနဲ့ ဖျော်ဖြေပွဲကြီး တစ်ပွဲလုပ်ဖို့ စီစဉ်နေမှုနဲ့ ပတ်သက်လို့ ဇော်ဝင်းထွဋ်က ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071