Friday, June 26, 2026

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက်...

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား...

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆...
HomeNewsLocal Newsလျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ထပ်မံရောက်ရှိ

လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ထပ်မံရောက်ရှိ

NPK Motor Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၅) စုံ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ အားသွင်းစက်များကို မတ်လ ၁၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ Charger များတင်သွင်းမှုအား ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင်လည်း တည်ဆောက်လျက်ရှိပြီး လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေးရှိ နေရာ (၁၃) ခုနှင့် စက်သုံးဆီဆိုင်(၃၈)ဆိုင်တွင် တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းအပြင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များတွင် EV ယာဉ်တွေအတွက် Charging Station တည်ဆောက်ခြင်းကို သုံးလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း နေပြည်တော်နှင့် ရန်ကုန်တွင် EV တက္ကစီများ စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိဖမ်းဆီးမိခဲ့သည့် ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုး(၂၇)မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု တစ်ပတ်အတွက် ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် စားအုန်းဆီတစ်ပိဿာလျင်(၇,၂၅၅)ကျပ်ဖြစ်ရာ ယခင် အပတ်ကဖြစ်ပေါ်ခဲ့သော ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျင်(၇,၂၈၅)ထက် (၃၀)ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ချမှတ်မည်

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏ သာယာလှပမှုနှင့် သန့်ရှင်းရေးကို ထိခိုက်လာသဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက တောင်တက်/ဆင်းလမ်းတစ်လျှောက် အမှိုက်အိတ်များ ထားရှိပေးခြင်း၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက ကျူးလွန်သူသည် ငွေဒဏ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒ-ဏ်ငွေ၏ ထက်ဝက်ကို ပြစ်မှုကျူးလွန်သူအား တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071