Tuesday, August 4, 2026

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...
HomeNewsLocal Newsလျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု၊စက်သုံးဆီဈေးကြီးမြင့်မှုက...

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု၊စက်သုံးဆီဈေးကြီးမြင့်မှုက စက်မှုလက်မှုလုပ်ငန်းများအပေါ်ထိခိုက်

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု၊စက်သုံးဆီဈေးကြီးမြင့်မှုက စက်မှုလက်မှုလုပ်ငန်းများအပေါ်ထိခိုက်

ရန်ကုန်တိုင်းအပါအဝင် တိုင်း၊ပြည်နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်မှုနှင့် အတူ အချိန်ပိုင်းမီးပေးမှုများကြောင့် ပြည်တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ အခက်တွေ့နေကြရသည်။

“အရင်က မီးပျက်တယ်ဆိုရင် စက်နိုးပြီး အသုံးပြုတာပေါ့။အခုက ဆီဈေးနှုန်းက အများသိကြတဲ့အတိုင်းပဲလေ။ဒီတော့ မလုပ်မဖြစ်တွေဆိုရင် မီးစက်နိုးပြီး လုပ်ရတော့ အတော်လေးကို အဆင်မပြေဘူး။စောင့်ပြီး နေလို့ မရတာကြောင့် လုပ်နေရပေမယ့် တစ်ဖက်မှာက အရင်းတွေကဈေးကြီးသွားတော့ သိပ်ပြီး အဆင်ပြေမှုမရှိဘူး”ဟု အသေးစားအလတ်စားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရန်ကုန်မြို့မှ မိတ္တူကူးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကလည်း မီးပျက်လျှင် မီးစက်နိုးပြီး ပုံမှန်ဈေးထက် အနည်းငယ်တိုးပြီး ဆောင်ရွက်နေရသည်ဟု ပြောဆိုသည်။

“အစစအရာရာဈေးကြီးနေတော့ အားနာနာနဲ့ပဲ တောင်းရတော့တယ်”ဟု ၎င်းကဆက်ပြောသည်။

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ၎င်းတို့လုပ်ငန်းက မိသားစုလုပ်ကိုင်သည်ဖြစ်၍ မီးလာလျှင် လုပ်ကိုင်ပြီး မီးပျက်နေလျှင် ထိုင်နေရသည်ဟု ပြောသည်။

“အပြိုင်အဆိုင်တွေကရှိတော့ ဈေးကို တအားတင်လို့ မရဘူး။ဒီတော့ မီးလာရင် ထလုပ်လိုက်၊မီးပျက်ရင် ထိုင်နေလိုက်နဲ့ပဲ လုပ်ရတော့တယ်။အရင်လို အလုပ်ချိန်ကို ကန့်သတ်မထားတော့ဘူး။ပင်တော့ ပင်ပန်းတာပေါ့ဗျာ။ဆီဈေးနဲ့ က အလုပ်သိပ်မဖြစ်တော့ ဒီအတိုင်းလုပ်ရတာပဲ”ဟု ပြောသည်။

လက်ရှိတွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများက နေ့စဉ်နီးပါးရှိနေသည်။

Zaw Gyi

လွ်ပ္စစ္မီး မၾကာခဏ ျပတ္ေတာက္မႈ၊စက္သုံးဆီေဈးႀကီးျမင့္မႈက စက္မႈလက္မႈလုပ္ငန္းမ်ားအေပၚထိခိုက္

ရန္ကုန္တိုင္းအပါအဝင္ တိုင္း၊ျပည္နယ္မ်ားတြင္ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္မႈႏွင့္ အတူ အခ်ိန္ပိုင္းမီးေပးမႈမ်ားေၾကာင့္ ျပည္တြင္းရွိ စက္မႈလက္မႈလုပ္ငန္းမ်ား အခက္ေတြ႕ေနၾကရသည္။

“အရင္က မီးပ်က္တယ္ဆိုရင္ စက္ႏိုးၿပီး အသုံးျပဳတာေပါ့။အခုက ဆီေဈးႏႈန္းက အမ်ားသိၾကတဲ့အတိုင္းပဲေလ။ဒီေတာ့ မလုပ္မျဖစ္ေတြဆိုရင္ မီးစက္ႏိုးၿပီး လုပ္ရေတာ့ အေတာ္ေလးကို အဆင္မေျပဘူး။ေစာင့္ၿပီး ေနလို႔ မရတာေၾကာင့္ လုပ္ေနရေပမယ့္ တစ္ဖက္မွာက အရင္းေတြကေဈးႀကီးသြားေတာ့ သိပ္ၿပီး အဆင္ေျပမႈမရွိဘူး”ဟု အေသးစားအလတ္စားလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

ရန္ကုန္ၿမိဳ႕မွ မိတၱဴကူးလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးကလည္း မီးပ်က္လွ်င္ မီးစက္ႏိုးၿပီး ပုံမွန္ေဈးထက္ အနည္းငယ္တိုးၿပီး ေဆာင္႐ြက္ေနရသည္ဟု ေျပာဆိုသည္။

“အစစအရာရာေဈးႀကီးေနေတာ့ အားနာနာနဲ႔ပဲ ေတာင္းရေတာ့တယ္”ဟု ၎ကဆက္ေျပာသည္။

အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးက ၎တို႔လုပ္ငန္းက မိသားစုလုပ္ကိုင္သည္ျဖစ္၍ မီးလာလွ်င္ လုပ္ကိုင္ၿပီး မီးပ်က္ေနလွ်င္ ထိုင္ေနရသည္ဟု ေျပာသည္။

“အၿပိဳင္အဆိုင္ေတြကရွိေတာ့ ေဈးကို တအားတင္လို႔ မရဘူး။ဒီေတာ့ မီးလာရင္ ထလုပ္လိုက္၊မီးပ်က္ရင္ ထိုင္ေနလိုက္နဲ႔ပဲ လုပ္ရေတာ့တယ္။အရင္လို အလုပ္ခ်ိန္ကို ကန႔္သတ္မထားေတာ့ဘူး။ပင္ေတာ့ ပင္ပန္းတာေပါ့ဗ်ာ။ဆီေဈးနဲ႔ က အလုပ္သိပ္မျဖစ္ေတာ့ ဒီအတိုင္းလုပ္ရတာပဲ”ဟု ေျပာသည္။

လက္ရွိတြင္ အခ်ိန္ပိုင္း လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားက ေန႔စဥ္နီးပါးရွိေနသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆ ရက်အထိကျင်းပလျက်ရှိသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေးထိပ်သီးအစည်းအဝေး-၂၀၂၆ တွင် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးကာလ၏ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတကာမှ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၊ ဂါနာနိုင်ငံ၊ Accra မြို့၊ Turkiye နိုင်ငံ၊...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မိုင်တိုင် ၁၄၃/၆ အနီးအရောက်၌ ယာဉ်၏ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ ရှေ့စက်ဖုံး ဖွင့်ကြည့်စဉ် အင်ဂျင်ခန်းအတွင်းမှ...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071