ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့က ယနေ့ စက်တင်ဘာ ၅ ရက်မှစတင်၍ သောက်သုံးရေများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ စက်တင်ဘာ ၅ ရက်တွင် သောက်သုံးရေလိုအပ်သောနေရာများသို့ သောက်သုံးရေလီတာ(၁,၀၀၀)ကျော်ကိုဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ရပ်ကွက်/ကျေး ရွာများကိုလည်း ဆက်လက်ဖြန့်ဝေပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
