Tuesday, July 21, 2026

တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင်...

ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တရားပွဲတွင်...

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်...

မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄...

မြန်မာဘာသာ ကုန်အညွှန်းမပါသော အသင့်စားမုန့်များကို ဥပဒေအရ...

နေပြည်တော်၊ဇူလိုင်-၂၁ အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ...

ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း...

ပခုက္ကူ၊ဇူလိုင်-၂၁ ဇူလိုင်(၁၉)ရက်နေ့က ဖောက်ခွဲဖျက်ဆီးခြင်းခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်‌ ရောက်ရှိစေရေးအတွက် လျှပ်စစ်ဝန်ထမ်းများမှ အမြန်ဆုံးပြုပြင်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ပခုက္ကူ)မှ...
HomeNewsLocal Newsလေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန်...

လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် ဇာတ်တိုက်လေ့ကျင့်မှု မန္တလေးတွင် ပြုလုပ်

လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲသည့် MC-Jalux Airport Service Co.,Ltd တို့အကြား အရေးပေါ်အခြေအနေတစ်ရပ်ရပ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဥ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့ကျင့်မှု အစီအစဥ်တွင် မန္တလေးတိုင်းရုံးမှ အရေးပေါ် လူနာတင်ယာဉ် တစ်စီး၊ ချမ်းမြသာစည်မြို့နယ်ရုံး နှင့် ချမ်းအေးသာဇံမြို့နယ်ရုံးတို့မှ လူနာတင်ယာဉ် တစ်စီး စီ၊ ချမ်းသာသုခအသင်း မှ လူနာတင်ယာဉ် တစ်စီး စုစုပေါင်း လူနာတင်ယာဥ် ၄ စီးနှင့် အဖွဲ့ဝင် ၂၅ ဦးတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) အဖွဲ့ဝင်များသည် ယခုလေ့ကျင့်မှု အစီအစဥ်တွင် လေယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများကို ဒဏ်ရာ အလိုက် အဆင့်ခွဲခြားသတ်မှတ်ပေးခြင်း၊ အရေးပေါ်ကုသရန် လိုအပ်သော လူနာများကို ရှေးဦးပြုစုကုသပေးခြင်း၊ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းများ ပါဝင်လေ့ကျင့်ခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တော်ဝင်ဂါးဒင်းဟိုတယ်၌ တော်ဝင်ဓမ္မသဘင် တရားပွဲကြီး သုံးရက်တိုင်တိုင် ကျင်းပမည်

ရန်ကုန်၊ဇူလိုင်-၂၁ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တရားပွဲတွင် နာမည်ကျော် ဆရာတော်ကြီး သုံးပါးက သုံးရက်တိုင်တိုင် တရားဒေသနာတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၇ ရက် (တနင်္လာနေ့) ပထမည၌ ညနေ ၆ နာရီတွင် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသက တရားတော် ဟောကြားမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက် (အင်္ဂါနေ့): ည ၇ နာရီတွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားတော်...

ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာရှိကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ

မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာအရ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ပညာရေးအဆင့်တွင် မူလတန်းအဆင့် ၃၂.၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၃၀.၁ ရာခိုင်နှုန်း ရှိသဖြင့် စုစုပေါင်း ၆၂.၃ ရာခိုင်နှုန်း သည် အခြေခံပညာအဆင့်သာ ရရှိထားသူများ ဖြစ်ကြသည်။ ထို့အပြင် အထက်တန်းအဆင့် ၂၁.၇ ရာခိုင်နှုန်း၊ ဘွဲ့ရရှိပြီးသူ...

မြန်မာဘာသာ ကုန်အညွှန်းမပါသော အသင့်စားမုန့်များကို ဥပဒေအရ အရေးယူမည်

နေပြည်တော်၊ဇူလိုင်-၂၁ အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြထားပါက စားသုံးသူများအနေဖြင့် ဓာတ်မတည့်သည့် ပါဝင်ပစ္စည်းများ ပါဝင်ခြင်းရှိ၊ မရှိကို သိရှိနိုင်မည်မဟုတ်ဘဲ ကျန်းမာရေးထိခိုက်မှုနှင့် အသက်အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်အုပ်စု ရှစ်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071