Sunday, August 2, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeNewsLocal Newsလူမှုကွန်ယက်စာမျက်နှာများ၌ တရားမဝင်ဝင်ရောက်လာသည့် ပစ္စည်းများအားကြော်ငြာရောင်း...

လူမှုကွန်ယက်စာမျက်နှာများ၌ တရားမဝင်ဝင်ရောက်လာသည့် ပစ္စည်းများအားကြော်ငြာရောင်း ချခြင်းကို ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင် ရွက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

လူမှုကွန်ယက်စာမျက်နှာများ၌ တရားမဝင်ဝင်ရောက်လာသည့် ပစ္စည်းများအားကြော်ငြာရောင်း ချခြင်းကို ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင် ရွက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဖေဖော်ဝါရီ ၁၈ ရက်က နေပြည် တော်၌ပြုလုပ်သည့် (၁/၂၀၂၂)အစည်းအဝေးတွင် နစက ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာ၌ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တရားမဝင်တင်သွင်းရောက်ရှိပြီး ပြည်သူများအ တွက်အန္တရာယ်ရှိသည့် အစားအသောက်၊ဆေး ဝါး၊ဆေးပစ္စည်းနှင့်အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချနေမှု၊ Online နှင့် Social Media များတွင် ကြော်ငြာရောင်းချနေမှုများရှိသည်ဟု ပြောသည်။

အဆိုပါ ကြော်ငြာရောင်းချနေခြင်းများအား အ စားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မျက်ခြေမပြတ်စောင့်ကြည့်ကာ တရားဥပဒေနှင့် ညီညွတ်မှုမရှိသည်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လုံခြုံစိတ်ချရသည့် ဆက်သွယ်မှုဖြင့် ချိတ် ဆက်ပေးပို့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေးအားဆောင်ရွက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

“အဲဒီလို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နိုင်မှသာ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအ ထူးအဖွဲ့များမှ တန်ဖိုးငွေကျပ် ၇၄၁၂ ဒသမ ၃၇၀ သန်းတန်ဖိုးရှိသည့် အမှုပေါင်း ၁၉၂၉ မှုအားဖမ်း ဆီးရမိခဲ့သည်ဟု ပြောသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၃၀ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဖမ်းဆီးရမိအမှုတွဲ ၁၃ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆ ဒသမ ၃၅၆ သန်း)အားဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၉၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၂၃ ဒသမ ၅၀၃ သန်း) အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

“ဖမ်းဆီးရမိထားတဲ့ တရားမဝင်ကုန်စည်တွေက သွင်းကုန်ပစ္စည်းအနေနဲ့ဆိုရင် လူသုံးကုန်နဲ့စား သောက်ကုန် တရားမဝင်ပို့ကုန်ပစ္စည်းဆိုရင် နိုင်ငံရဲ့အဖိုးတန်သယံဇာတတစ်မျိုးတည်းဖြစ်နေတာကိုတွေ့ရပါတယ် သယံဇာတ လို့ဆိုရာမှာလည်း သစ်မျိုးစုံ၊ကျောက်စိမ်းနဲ့သတ္တုတွေအပြင် သဘာဝတောရိုင်းတိရိစ္ဆာန်တွေလည်းပါဝင်နေပါတယ် ရုပ်ဝတ္တုပစ္စည်းတွေကို တန်ဖိုးသတ်မှတ်လို့ရပေမယ့် ရှားပါးတိရိစ္ဆာန်တွေရဲ့ တန်ဖိုးက‌ဆုံးဖြတ်လို့ မရပါဘူး”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အလားတူ တရားမဝင်ကုန်သွယ်မှုများအား ဥပ ဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးအတွက် နယ်စပ်ဝင်၊ထွက် ဂိတ်များ၊နယ်စပ်ဝင်၊ထွက်ဂိတ် အနီးပတ်ဝန်းကျင်ရှိ သိုလှောင်မှုများ၊ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်မှုများ၊အပြည်ပြည်ဆိုင်ရာလေ ဆိပ်နှင့်ဆိပ်ကမ်းများ။သိုလှောင်မှုများအပြင် ဈေးကွက်ကြီးများတည်ရှိသည့် မြို့ကြီးများ၌ အဓိကသိုလှောင်မှုနှင့်ဖြန့်ဖြူးမှုများကိုပါ ဖော် ထုတ်စစ်ဆေး၍ ဥပဒေနှင့်အညီအရေးယူဆောင် ရွက်ရမည်ဟုပြောသည်။

“တရားမဝင်ကုန်သွယ်မှု ကွင်းဆက်တစ်လျှောက်လုံးက ဝန်ထမ်းတွေပါဝင်ပတ်သက်မှုမရှိရေးဟာ အထူးအလေးထားကြီးကြပ်ရမယ့် ကိစ္စတစ်ခုဖြစ်တာကြောင့် ဌာနအချင်းချင်းတည့်မတ်ပေးဖို့၊ ထိန်းကျောင်းပေးဖို့လိုပါတယ် ထိန်းကျောင်းလို့ မရရင် ဦးဆောင်ကော်မတီကို တင်ပြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

Zaw Gyi

လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ တရားမဝင္ဝင္ေရာက္လာသည့္ ပစၥည္းမ်ားအားေၾကာ္ျငာေရာင္း ခ်ျခင္းကို ဥပေဒႏွင့္အညီအေရးယူႏိုင္ေရးေဆာင္ ႐ြက္ရမည္ဟု နစက ဒု-ဥကၠ႒ေျပာ

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ၏ ေဖေဖာ္ဝါရီ ၁၈ ရက္က ေနျပည္ ေတာ္၌ျပဳလုပ္သည့္ (၁/၂၀၂၂)အစည္းအေဝးတြင္ နစက ဒု-ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက အမွာစကားေျပာၾကားရာ၌ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

တရားမဝင္တင္သြင္းေရာက္ရွိၿပီး ျပည္သူမ်ားအ တြက္အႏၲရာယ္ရွိသည့္ အစားအေသာက္၊ေဆး ဝါး၊ေဆးပစၥည္းႏွင့္အလွကုန္ပစၥည္းမ်ားအား ေဈးကြက္အတြင္းေရာင္းခ်ေနမႈ၊ Online ႏွင့္ Social Media မ်ားတြင္ ေၾကာ္ျငာေရာင္းခ်ေနမႈမ်ားရွိသည္ဟု ေျပာသည္။

အဆိုပါ ေၾကာ္ျငာေရာင္းခ်ေနျခင္းမ်ားအား အ စားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ မ်က္ေျခမျပတ္ေစာင့္ၾကည့္ကာ တရားဥပေဒႏွင့္ ညီၫြတ္မႈမရွိသည္မ်ားအား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သို႔ လုံၿခဳံစိတ္ခ်ရသည့္ ဆက္သြယ္မႈျဖင့္ ခ်ိတ္ ဆက္ေပးပို႔ၿပီး ဥပေဒႏွင့္အညီအေရးယူႏိုင္ေရးအားေဆာင္႐ြက္ရမည္ဟု နစက ဒု-ဥကၠ႒ကေျပာသည္။

“အဲဒီလို ဥပေဒနဲ႔အညီအေရးယူေဆာင္႐ြက္ႏိုင္မွသာ ျပည္သူေတြအတြက္ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ကိုေဖာ္ေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္”ဟု နစက ဒု-ဥကၠ႒ကေျပာသည္။

ထို႔ျပင္ ၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီလမွ ဒီဇင္ဘာလအထိ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအ ထူးအဖြဲ႕မ်ားမွ တန္ဖိုးေငြက်ပ္ ၇၄၁၂ ဒသမ ၃၇၀ သန္းတန္ဖိုးရွိသည့္ အမႈေပါင္း ၁၉၂၉ မႈအားဖမ္း ဆီးရမိခဲ့သည္ဟု ေျပာသည္။

ထို႔ျပင္ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၃၀ ရက္၌ ရန္ကုန္အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းမ်ားမွ ဖမ္းဆီးရမိအမႈတြဲ ၁၃ မႈ(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၄၆ ဒသမ ၃၅၆ သန္း)အားဖမ္းဆီးရမိခဲ့ၿပီး ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ဖမ္းဆီးရမိအမႈတြဲ ၂၉၈ မႈ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၃၂၃ ဒသမ ၅၀၃ သန္း) အား ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ခဲ့သည္ဟု နစက ဒု-ဥကၠ႒ကေျပာသည္။

“ဖမ္းဆီးရမိထားတဲ့ တရားမဝင္ကုန္စည္ေတြက သြင္းကုန္ပစၥည္းအေနနဲ႔ဆိုရင္ လူသုံးကုန္နဲ႔စား ေသာက္ကုန္ တရားမဝင္ပို႔ကုန္ပစၥည္းဆိုရင္ ႏိုင္ငံရဲ႕အဖိုးတန္သယံဇာတတစ္မ်ိဳးတည္းျဖစ္ေနတာကိုေတြ႕ရပါတယ္ သယံဇာတ လို႔ဆိုရာမွာလည္း သစ္မ်ိဳးစုံ၊ေက်ာက္စိမ္းနဲ႔သတၱဳေတြအျပင္ သဘာဝေတာ႐ိုင္းတိရိစာၦန္ေတြလည္းပါဝင္ေနပါတယ္ ႐ုပ္ဝတၱဳပစၥည္းေတြကို တန္ဖိုးသတ္မွတ္လို႔ရေပမယ့္ ရွားပါးတိရိစာၦန္ေတြရဲ႕ တန္ဖိုးက‌ဆုံးျဖတ္လို႔ မရပါဘူး”ဟု နစက ဒု-ဥကၠ႒ကေျပာသည္။

အလားတူ တရားမဝင္ကုန္သြယ္မႈမ်ားအား ဥပ ေဒႏွင့္အညီ ထိေရာက္စြာတားဆီးအေရးယူႏိုင္ေရးအတြက္ နယ္စပ္ဝင္၊ထြက္ ဂိတ္မ်ား၊နယ္စပ္ဝင္၊ထြက္ဂိတ္ အနီးပတ္ဝန္းက်င္ရွိ သိုေလွာင္မႈမ်ား၊ကုန္သြယ္မႈလမ္းေၾကာင္းတစ္ေလွ်ာက္ သယ္ယူပို႔ေဆာင္မႈမ်ား၊အျပည္ျပည္ဆိုင္ရာေလ ဆိပ္ႏွင့္ဆိပ္ကမ္းမ်ား။သိုေလွာင္မႈမ်ားအျပင္ ေဈးကြက္ႀကီးမ်ားတည္ရွိသည့္ ၿမိဳ႕ႀကီးမ်ား၌ အဓိကသိုေလွာင္မႈႏွင့္ျဖန႔္ျဖဴးမႈမ်ားကိုပါ ေဖာ္ ထုတ္စစ္ေဆး၍ ဥပေဒႏွင့္အညီအေရးယူေဆာင္ ႐ြက္ရမည္ဟုေျပာသည္။

“တရားမဝင္ကုန္သြယ္မႈ ကြင္းဆက္တစ္ေလွ်ာက္လုံးက ဝန္ထမ္းေတြပါဝင္ပတ္သက္မႈမရွိေရးဟာ အထူးအေလးထားႀကီးၾကပ္ရမယ့္ ကိစၥတစ္ခုျဖစ္တာေၾကာင့္ ဌာနအခ်င္းခ်င္းတည့္မတ္ေပးဖို႔၊ ထိန္းေက်ာင္းေပးဖို႔လိုပါတယ္ ထိန္းေက်ာင္းလို႔ မရရင္ ဦးေဆာင္ေကာ္မတီကို တင္ျပရမွာျဖစ္ပါတယ္”ဟု နစက ဒု-ဥကၠ႒ကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071