Thursday, May 14, 2026

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...
HomeInternationalလူမျိုးရေးခွဲခြားသည့် စကားကြောင့် သက်ဆင်...

လူမျိုးရေးခွဲခြားသည့် စကားကြောင့် သက်ဆင် ဝေဖန်ခံနေရ

ချင်းရိုင်ပြည်နယ်ရှိ မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ပြောဆိုခဲ့သော လူမျိုးရေးခွဲခြားသည့် မှတ်ချက်ပြု‌ပြောစကားများကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ဒေါသတကြီးဝေဖန်မှုများထွက်ပေါ်ခဲ့ကာ အဆင်အခြင်မဲ့သော အဆိုပါ ပြောကြားများအတွက် လူသိရှင်ကြားတောင်းပန်ရန် လွှတ်တော်အမတ်တစ်ဦးကလည်း သူ့ကို တောင်းဆိုခဲ့သည်။

ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့(PAO)ကပြုလုပ်သော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း Salakjit Tiyapairat အတွက် ထောက်ခံအားပေးသည့် မဲဆွယ်စည်းရုံးပွဲတွင် သက်ဆင်က မိန့်ခွန်းပြောခဲ့ရာ၌ ဖျော်ဖြေရေးနယ်ပယ်တွင် ထိုင်းလူမျိုးများ ပိုမို၍ အခွင့်အလမ်းရှာကြရန် အားပေးတိုက်တွန်းမှုလုပ်ခဲ့သည်။

သို့ရာတွင် သူ့မိန့်ခွန်းအတွင်း အာဖရိကမော်ဒယ်များနှင့်ပတ်သက်၍ ချိုးချိုးဖဲ့ဖဲ့ပြောဆိုခဲ့မှုများကို လူမျိုးရေးခွဲခြားမှုအဖြစ် အများက ရှုမြင်ခဲ့ကြသည်။

“အသားမည်းပြီး အသက်ရှုရခက်စေတဲ့ နှာခေါင်းပြားတဲ့ အာဖရိကသားတွေကို မော်ဒယ်လုပ်ဖို့ ဘတ်သန်းနဲ့ချီပေးပြီး ငှားရပါတယ်။ ထိုင်းလူမျိုးတွေက အများကြီးပိုကြည့်ပျော်ရှုပျော်ရှိကြပါတယ်၊ နှာခေါင်း၊ မေးရိုးနဲ့ ရင်သားတွေကို ပြုပြင်ဖြည့်စွက်စရာ မလိုအပ်ကြပါဘူး” သက်ဆင်က ပြောခဲ့သည်။

“ကရင်လို တိုင်းရင်းသား လူမျိုးစုတွေထဲက လူတွေ အပါအဝင် သဘာဝအလှတရားတွေကို ပိုင်ဆိုင်ထားကြတဲ့ ထိုင်းနိုင်ငံသားတွေကို နိုင်ငံတကာမော်ဒယ်တွေဖြစ်လာအောင် အားပေးတိုက်တွန်းဖို့ အချိန်တန်ပါပြီ” ဟု သူက ဆက်လက်ပြောဆိုသွားခဲ့သည်။

           အဆိုပါစကားများအတွက် သက်ဆင်အနေဖြင့် လူသိရှင်ကြား တောင်းပန်ရန် လွှတ်တော်အမတ် Angkhana Neelapaijit က တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

“ဒီလိုမှတ်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရော ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရဲ့ စံနှုန်းတွေကိုရော ချိုးဖောက်ရာရောက်ပါတယ်” ဟု သူက ဆိုသည်။

“လူ‌ တွေရဲ့ အသားအရောင်အပေါ်အခြေခံပြီး ခွဲခြားတာဟာ ပြဿနာကြီးတစ်ခုပါ၊ သက်ဆင်အနေနဲ့ သူ့ရဲ့မှတ်ချက်တွေအတွက် တောင်းပန်စေချင်ပါတယ်” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်းလည်းဖြစ်သူ မစ္စ Angkhana က သက်ဆင်၏ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာအနေဖြင့် ယခုကိစ္စအပေါ် အလေးအနက်ထားသင့်ကြောင်းလည်း တိုက်တွန်းသွားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071