Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeInterviewsလူငယ်နှင့်အလုပ်အကိုင်

လူငယ်နှင့်အလုပ်အကိုင်

ဒီတစ်ပတ်တော့ ပေါ်ပြူလာပရိသတ်များအတွက် လူငယ်တွေရဲ့ လက်ရှိအလုပ်အကိုင်ကို ကျေနပ်ကြသလား၊ အဆင်ပြေနေကြသလားဆိုတာအပြင် သူတို့ရရှိတဲ့လစာက သူတို့အတွက် လုံလောက်နေပါသလားဆိုတဲ့မေးခွန်းတွေကို စုစည်းပြီး ‘လူငယ်နှင့် အလုပ်အကိုင်’ဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ပါတယ်။

ကိုထက်နိုင်လင်း

လက်ရှိအလုပ်ထဲမှာတော့ အ ကုန်လုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေ ကြရတော့ နည်းနည်းတော့ ပင်ပန်း တာပေါ့။ လောလောဆယ်မှာတော့ အလုပ်ပြောင်းလုပ်ကိုင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ လက်ရှိလုပ်ကိုင်နေ ရတဲ့အလုပ်က ဝါသနာနဲ့လည်း ကိုက် ညီသလို လစာကလည်း ကျေနပ်စရာ ရှိပါတယ်။ ဘယ်လိုအလုပ်မျိုး လုပ် ချင်လဲဆိုတော့ ကိုယ်ပိုင်အလုပ်တစ် ခုခုတော့လုပ်ချင်မိတယ်။ ဒီလိုမျိုး ဝန် ထမ်းဘဝနဲ့တော့ တစ်သက်လုံးမနေ ချင်ဘူး။ လုပ်ငန်းရှင်တစ်ယောက် လည်းဖြစ်ချင်တယ်။ အဲဒီလို လုပ်ငန်း ရှင်ဖြစ်ဖို့အတွက် လောလောဆယ်တော့ အလုပ်လုပ်ကိုင်ရင်း အရင်းအနှီး အတွက် ပိုက်ဆံစုဆောင်းနေပါတယ်။

*****************
လင်း

လက်ရှိအလုပ်က အဆင်ပြေပါ တယ်။ အခုတလော အလုပ်များလို့ Back- bag နဲ့ စကားနည်းနည်းပြောကြည့် ဖို့ စဉ်းစားထားတယ်။ ဒီအတိုင်းချည်း ပဲ အလုပ်တွေပိနေရင် ပြောင်းချင်ပြောင်း ဖြစ်မယ်။ လက်ရှိအလုပ်ကဝါသနာနဲ့ တော့မကိုက်ဘူး။ လစာကတော့ မဆိုး ပါဘူးလို့​ပြောရမယ်​။ အလုပ်ကတော့ မလုပ်ချင်​တော့ဘူး။ Boss နဲ့ ရှိတာတွေရောင်းပြီး ခရီးပဲသွားချင်တယ်။

*****************

ကိုမင်းသီဟကျော်

လက်​ရှိအလုပ်​မှာ အဆင်​​ပြေပါ တယ်​။ စိတ်ဖိစီးမှုတော့ရှိတာ​ပေါ့။ အလုပ်​ပြောင်းဖို့လည်း Plan ရှိပါ တယ်​။ ကိုယ်​ကိုယ်​တိုင်​က ​နောက် လာမယ့်​အလုပ်​အတွက်​ လိုအပ်​တဲ့ အရည်အသွေးတွေ ပြည့်​မီနေတဲ့အခါ ​ပြောင်းမှာပါ။လက်​ရှိအလုပ်​က လစာ က​တော့ သူ့အိုးနဲ့ သူ့ဆန်​ဆို​တော့ ​ကျေနပ်​ရမှာပါ။ လုပ်​ချင်​တဲ့ အလုပ်​က​တော့ စီးပွားရေးတစ်ခုကို အခြေ ချချင်တာပါ။

*****************

မမေဇင်ဦး

လက်ရှိက ကလေးထိန်း မူကြို ဖွင့်ထားတာပါ။ အလုပ်က အဆင်ပြေ လားဆိုတော့ လုပ်နေကျမို့ အခက်အ ခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ကလေး တွေရဲ့စိတ်ကို ဖတ်နေရတဲ့အလုပ်ဆို တော့ နည်းနည်းတော့ ခက်ခဲပါတယ်။ လစာရယ်လို့ မဟုတ်ပေမယ့် သူ့ဟာ သူတော့ အဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။ တခြားအလုပ်တော့ မ ပြောင်းဖြစ်သေးပါဘူး။ ဒီအလုပ်က ကိုယ့်ဝါသနာနဲ့လည်း ကိုက်တော့ အ ဆင်ပြေနေပါတယ်။

*****************

ကိုအောင်သူဟိန်း

ကျောင်းက အဝေးသင်မို့ အ လုပ်က ခဏပေါ့။ အမြဲအတွက်တော့ မဟုတ်ပါဘူး။ အလုပ်က နည်းနည်း တော့ပင်ပန်းတယ်။ အေးဂျင့်ဆိုတော့ လစာက နည်းပေမယ့်လည်း ခုခေတ် အခြေအနေနဲ့က အလုပ်တစ်ခုရဖို့ မလွယ်ဘူးလေ။ ဝါသနာရယ်လို့ မဟုတ်ပါဘူး။ ကျောင်းစရိတ်အတွက် လုပ်နေတာပါ။ အခုခေတ်က ဝါသ နာနဲ့ အလုပ်ကိုက်ဖို့ဆိုတာ မလွယ်ပါ ဘူး။ အလုပ်အသစ်ကတော့ ကျောင်း ပြီးမှပဲ လုပ်ကိုင်ဖြစ်မှာပါ။

*****************

မကျော့ကေကို

လက်ရှိအလုပ်မှာ အဆင်ပြေ တယ်။ ဒါပေမဲ့ အခက်အခဲလေးတွေ တော့ရှိတာပေါ့။ ဘယ်အလုပ်မဆို စိန်ခေါ်မှုတွေတော့ရှိတာပဲလေ။ ကိုယ်က ကြိုးစားမှရမှာပါ။ အလုပ် ပြောင်းဖို့ တွေးထားတာမျိုးတော့ မရှိ သေးဘူး။ ဒါပေမဲ့ ကိုယ့်အတွက် ပို ပြီးအဆင်ပြေမယ်ဆိုရင်တော့ စဉ်းစား ရမှာပေါ့။ လက်ရှိလုပ်နေရတဲ့ အလုပ် က ဝါသနာနဲ့တော့မကိုက်ဘူး။ ဒါပေမဲ့ အတွေ့အကြုံကောင်းတွေတော့ အ များကြီးရပါတယ်။ ရတဲ့လစာကလည်း သုံးလို့လောက်တယ်ဆိုတော့ ကျေနပ် စရာအနေအထားတော့ မဟုတ်ပေ မယ့်အဆင်ပြေပါတယ်။ လစာပိုရအောင် လည်း ဒီထက်ပိုပြီး ကြိုးစားလုပ်သွား မှာပါ။ ဘယ်လို အလုပ်မျိုးလုပ်ချင်လဲ ဆိုတော့ကိုယ့်အတွက် တက်လမ်းရှိ ပြီးအတွေ့အကြုံ ကောင်းတွေရမယ့် အလုပ်မျိုးကိုလုပ်ကိုင်ချင်တယ်။

အောင်ပြည့်စုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071