လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ (ဇွန်၁၁)က အမျိုးသားပြတိုက်(နေပြည်တော်)ကို လာရောက်လေ့လာကြသည်။
လာရောက်လေ့လာမှုကို နေပြည်တော်ပြတိုက် ညွှန်ကြားရေးမှူးနှင့် ပြတိုက်ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ Mini Theatre တွင် အမျိုးသားပြတိုက်(နေပြည်တော်)၏ သမိုင်းကြောင်းကို Video Clip ဖြင့် ရှင်းလင်းပြသခဲ့ပြီးနောက် ပြခန်းများအတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်ဟု သိရသည်။
ထို့နောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရို-က်ကူးခဲ့ကြသည်။
ထို့အပြင် ယနေ့ (ဇွန် ၁၂) နံနက်ပိုင်း၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ဂါရဝပြုတွေ့ဆုံမည်ဖြစ်သည်ဟုလည်း သိရသည်။
