ဗီယင်ကျန်း၊ဖေဖော်ဝါရီ ၇
လာအိုနိုင်ငံ အစိုးရက နိုင်ငံဖြတ်ကျော် တယ်လီကွန်းလိ-မ်လ-ည်မှုအားတိုက်ဖျက်ရန်သူတို့၏ ခိုင်မာသောဆုံးဖြတ်ချက်သည် မည်သည့် အခါကမှ ယိမ်းယိုင်ခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ဓါတ်အားပေးဝေမှုကို ကန့်သတ်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။
လာအိုဆိုင်ရာတရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် လာအို၏စွမ်းအင်နှင့်သတ္တုတွင်းဌာနဝန်ကြီးက ၎င်းတို့အနေဖြင့် ပြည်သူများ၏အသက်မွေးဝမ်းကြောင်းကို အထောက်အကူပြုစေဖို့ ထောက်ပံ့ပေးလိုခြင်းကလွဲ၍ တယ်လီကွန်းလိ-မ်လ-ည်မှုကဲ့သို့သော ရာဇဝတ်မှုများကို ခွင့်မပေးလိုသဖြင့် တာချီလိတ်သို့ဓါတ်အားပို့လွှတ်မှု ကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တယ်လီကွန်းလိ-မ်လ-ည်မှုကိစ္စနှင့် ပတ်သက်၍ လာအိုနိုင်ငံအနေနှင့်သက်ဆိုင်ရာနိုင်ငံများနှင့် အနီးကပ်ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ လိုအပ်ပါက ထပ်မံအရေးယူဆောင်ရွက်သွားမည်ဟုလည်းကတိပြုခဲ့သည်။
နိုင်ငံဖြတ်ကျော် ဆိုက်ဘာလိ-မ်လ-ည်မှုတိုက်ဖျက်ရေးသည် ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း လာအိုဆိုင်ရာ တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်လည်း လာအိုအပါအဝင် အခြားသက်ဆိုင်ရာနိုင်ငံများနှင့်ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်း ဆောက်ရွက်မှုကို ခိုင်မာစေရန်ဆက်လက် ဆောင်ရွက်ကာ တယ်လီကွန်းလိ-မ်လ-ည်မှုရာဇဝတ်ဂိုဏ်းများကိုတိုက်ဖျက်ပြီး ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ပူးပေါင်း ကာကွယ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားဖြန့်လုပ်ငန်းများတည်ရှိသည်ဟု အခြားနိုင်ငံများကယုံကြည်လျက်ရှိပြီး ထိုင်းအစိုးရကမြဝတီနှင့်တာချီလိတ်အပါအဝင် မြန်မာနိုင်ငံရှိဒေသအချို့အား လျှပ်စစ်မီးဖြတ်တောက်မှုပြုလုပ်ခဲ့သည်။
Source : ရှင်းဟွာ
