Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeCelebrities' Newsလကၤာဒီပ ျပဇာတ္ကုိ ဖ်က္လုိဖ်က္ဆီး...

လင်္ကာဒီပ ပြဇာတ်ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း လုံးဝမရှိပါကြောင်း ဒါရိုက်တာမောင်သီ ပြောကြား

လင်္ကာဒီပချစ်သူပြဇာတ်ကတော့ မန္တလေးမြို့မှာ နှစ်ရက်တာ ကပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသားဇာတ်ရုံမှာ ကပြခဲ့တာဖြစ်ပြီး နှစ်ရက်လုံး အောင်မြင်ခဲ့ပါတယ်။ လင်္ကာဒီပအဖွဲ့ သားတွေအနေနဲ့လည်း ပြဇာတ်အတွက် ကြိုတင်ဇာတ်တိုက်ပြင်ဆင်မှုတွေကို အကြိမ် များစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း နှစ်ရက်တာလုံး လာရောက်ကြည့်ရှုသူ အပြည့်နဲ့ အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိခဲ့သလို ဝေဖန်မှု တွေလည်းရှိခဲ့ပါတယ်။ ဝေဖန်မှုဆိုတာကတော့ ဝတ်စုံဒီဇိုင်းပိုင်းနဲ့ ဆက်တင်ပိုင်းဆိုင်ရာတွေ မှာ ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုတွေအတွက်နဲ့ ပတ်သက်ပြီးလည်း ဒါရိုက်တာမောင် သီက သူ့တစ်ယောက်တည်းအပေါ်မှာပဲ အားလုံးတာဝန်ရှိပါကြောင်း ပြောလာပါတယ်။

”ဒီလင်္ကာဒီပပြဇာတ်ကြီးသည် အဓိကတာဝန်ရှိသူက ကျွန်တော်ပဲ ဖြစ်ပါတယ်။ အပြစ်မြင်မယ် ပြောမယ်ဆိုရင် အဲဒါတွေအားလုံးကို ကျွန်တော်ခံယူပါတယ်။ ကျန်တဲ့လူ တွေမှာတာဝန်မရှိပါဘူး။ ဆရာချစ်ဦးညိုသည် သူအောင်မြင်ပြီးသားဖြစ်တဲ့အတွက် ကြောင့် ပြဇာတ်ရဲ့ အောင်မြင်ခြင်းကျရှုံးခြင်းနဲ့ ပတ်သက်ပြီး ဆရာနဲ့မဆိုင်ပါဘူး။ ကျွန်တော့်အပေါ်ပဲပြောကြပါလို့ ကျွန်တော် ကြိုပြောခဲ့တာတွေရှိပါတယ်။ အခုလည်း ကျွန်တော်တာဝန်ယူပါတယ်။ အပြစ်ရှိရင်အမှားရှိရင် ကျွန်တော့်ကြောင့်လို့ပဲခံယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ခဲ့တဲ့ဟာအပေါ်မှာ ဖျက်လိုဖျက်ဆီးစိတ် ပြီးပြီးရောဖြစ်သလို တစ်ချို့ထင်နေသလို ကျွန်တော်တို့ လုံးဝမလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်ခဲ့ပါတယ်။ အားစိုက်ပြီးတော့လုပ်ခဲ့ပါတယ်။ လင်္ကာဒီပအပေါ်မှာ တအားကို တန်ဖိုး ထားလို့ ဂရုဏာဒေါသတွေဖြစ်ကြတာလို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အနုပညာဖန်တီး မှုတစ်ခုကို အစအဆုံး မကြည့်ရသေးဘဲနဲ့ အပြင်ပန်းဝတ်စားဆင်ယင်မှု တစ်ခုတည်းနဲ့ ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ အားစိုက်ထားတဲ့ ကျွန်တော်တို့ ကြိုးစား ထားတဲ့အရာတစ်ခုအတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဒါရိုက်တာမောင်သီက ပြဇာတ်နဲ့ပတ်သက်လို့ သူ့မှာသာတာဝန်ရှိကြောင်းကို ပြောပါတယ်။

ပြဇာတ်ရဲ့ဆက် တင်ပိုင်းနဲ့ ပတ်သက်လို့လည်း ဇာတ်ရုံရဲ့ နေရာအဆင်မပြေမှုတွေကြောင့် တစ်ချို့ ဆက်တင်ပစ္စည်းတွေကို လျှော့ချပစ်လိုက်ရတာမျိုးတွေလည်း ရှိကြောင်းလည်းသိရပါ တယ်။

”ပစ္စည်းတွေက မလွတ်တဲ့ဟာတွေ အများကြီးရှိတယ်။ တောင်တွေဆိုရင် ဖြုတ်လိုက်ရတယ်။ ဆက်တင်ပိုင်းတွေမှာ ကျွန်တော်အများကြီး လျှော့လိုက်ရတာတွေရှိ တယ်။ ကျွန်တော်တို့အနေနဲ့ ပြဇာတ်ကိုကတဲ့ အချိန်မှာတော့ ကျွန်တော်တို့ တတ်စွမ်း နိုင်သလောက် အကုန်လုံးသည် အားလျော့တာ တစ်ခုမှမရှိပါဘူး။ အနုပညာအရကော စိတ်ကူးစိတ်သန်းအရကော ကြည့်တဲ့ပရိသတ်တွေတန်အောင် ကြည့်တဲ့ပရိသတ်တွေ နှစ်ခြိုက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ချို့ယွင်း ချက်ကြောင့် အမှားအယွင်းတွေဖြစ်ပေါ်လာတယ်။ အဲဒါကိုလည်း ဝန်ခံပါတယ်။ ကျွန်တော်တို့ ပြ ဇာတ်သည် စင်းလုံးချောလုံးဝပြည့်စုံသောလို့ ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော့်တို့ စွမ်းအင်နဲ့သိသလောက်၊ တတ်သလောက်လုပ်ထားပါတယ်။ ဒါကတော့မလျော့ပါဘူး” လို့ ဆက်တင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒါရိုက်တာမောင်သီက ပြောပါတယ်။ လင်္ကာ ဒီပပြဇာတ်ကို ရန်ကုန်နဲ့ စင်ကာပူမှာထပ်မံ ကပြမယ်လို့ ကြားနေရတဲ့အတွက် ဒါရိုက်တာ မောင်သီကို မေးကြည့်တဲ့အခါမှာတော့ ပရိုဂျုစာအပေါ်ပဲ မူတည်ပါကြောင်း ပရိုဂျုစာ ကတော့ ဆက်ကမယ်လို့ပြောကြောင်း၊ သူ့အနေနဲ့ကတော့ ထပ်လုပ်ချင်တယ်လို့လည်းမဟုတ် သလို မလုပ်ချင်ဘူးလို့လည်း မဟုတ်ကြောင်း မောင်သီကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071