Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsလက္ရွိ Hip...

လက်ရှိ Hip Hop ဂီတလောကအပေါ် မျိုးကျော့မြိုင် ရဲ့ သုံးသပ်ချက်

ဒီနှစ်ထဲမှာ တစ်ကိုယ်တော်အခွေနဲ့ ဖျော်ဖြေပွဲတွေလုပ်ဖို့ အစီအစဉ်တွေရေးဆွဲနေတဲ့ မျိုးကျော့မြိုင်ကMyanmar Idol Season3 မှာလည်း ဒိုင်အဖြစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူက ၂ဝ၁၇ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကလည်း သီအိုရီအဖွဲ့နဲ့အတူ ဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာလည်း သူ့အနေနဲ့ Hip Hop အဖွဲ့တွင်မဟုတ်ဘဲ တခြားသော အဆိုရှင်တွေနဲ့အတူလည်း ပူးပေါင်းပြီးဖျော်ဖြေပွဲ တွေပြုလုပ်သွားမှာပါလို့ ပြောပါတယ်။ သူနဲ့တွေ့ဆုံခိုက်မှာတော့ အခုလက်ရှိ HipHop ဂီတရဲ့ ရေစီးကြောင်းနဲ့ပတ်သက်လို့ သူ့အမြင်ကိုမေးတဲ့အခါမှာတော့…။

“သဘောကတော့ Hip Hop က Generation အရ  ပြောင်းနေတာဆိုတော့ ဒီဘက်ပေါ်တဲ့ Rhyme တွေဘာတွေကျတော့ ကျွန်တော်တို့ရဲ့ အကြိုက်သိပ် မတွေ့တာတွေလည်းရှိတယ်။ ဒါပေမဲ့ အဲဒါသည် မကောင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တုန်းက ပုံစံတွေနဲ့မတူတာဘဲ လေ။ ကျွန်တော်တို့ကလည်း ဒါကို Artist တစ်ယောက် အနေနဲ့ပဲ မြင်ရတဲ့သဘောပါ။ ကောင်းတာတွေကပိုများ ပါတယ်။ သူတို့အားထုတ်မှုတွေကို ကြည့်ရတာပိုပြီးတော့ ကောင်းလာပါတယ်။ ပြီးတော့ ကျွန်တော် မှမဟုတ်ပါဘူး။ ဟစ်ဟော့နဲ့ပတ်သက်လို့ လူကြီးလို နေပေးတဲ့ အဖွဲ့တွေလည်း အများကြီးရှိပါတယ်။

သူတို့တွေရဲ့ လမ်းညွှန်မှုတွေကလည်း ကောင်းနေ တာကိုး” လို့ မျိုးကျော့မြိုင်ကပြောပါတယ်။ Main Streamပေါ်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေကြတဲ့ Underground က လူငယ်တွေ အတွက်ကိုလည်း သူကအခုလို အကြံပေးစကားပြောပြလာတာက

“Underground မှာကြာလာရင်တော့ မကောင်းဘူးပေါ့။ တကယ်တမ်းစလုပ်ကတည်းကMain Stream ကိုသွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရမှာပဲလေ။ ကိုယ်ရည်မှန်းတဲ့ Targetကိုလည်း ရောက်မှာမဟုတ်ဘူး။ ကျွန်တော်ကတော့ လူတိုင်း ကိုMain Streamကိုပဲ ရောက်စေချင်တယ်။ Under ground မှာ ရှိနေတဲ့သူတွေကိုလည်း တစ်ခုခုလုပ်ပေးချင် တယ်။ တွေ့တိုင်းလည်း ပြောပါတယ်။ တချို့တွေက အဲဒီ့မှာကိုနေရတာကြိုက်တယ်။ အဲဒီတော့ ပြောရတာ ခက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လမ်းပြပေးလို့ ရပါတယ်။ တော်တော်များများကိုလည်း ပြောပေးပါတယ်” လို့ မျိုးကျော့မြိုင်ကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071