ကချင်ပြည်နယ်၊ ရွှေကူမြို့အတွက် နိုင်ငံတော်အစိုးရမှပေးပို့သည့် ထောက်ပံ့ပစ္စည်းများသည် ဇွန် ၆ ရက်နေ့လည်ပိုင်းက မော်တော်ယာဥ်များဖြင့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရွှေကူမြို့ရှိ ဌာနဆိုင်ရာရုံးများအတွက်လိုအပ်သည့် ရုံး သုံးပစ္စည်းများနှင့် ဒေသခံများ၏ ကျန်းမာရေး စောင့် ရှောက်မှုအတွက်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများရောက်ရှိလာခြင်းဖြစ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး လိုအပ်သည့်နေရာများသို့ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
