ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံ(ထိုင်းဘုရင် ရာမ ၉ ၏ သမီးတော်၊ လက်ရှိ ထိုင်းဘုရင် ရာမ ၁၀ ၏ နှမတော်)စီမံကိန်းမှ မြန်မာနိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၂၆) ရက်က လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.M r. Mongkol Visitstump နှင့် သံရုံးတာဝန်ရှိသူများမှတဆင့် လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ မတ် (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ဒ-ဏ်ကြောင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အဆောက်အအုံအချို့ ထိခို-က်ပျ-က်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်မွမ်းမံစဉ်ကာလတွင်လည်း လှူဒါန်းခဲ့သေးသည်။
ထိုစဉ်က ထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ ပရင်တာများ၊ လေအေးပေးစက်များ၊ မိတ္တူကူးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တက္ကသိုလ်၏ ပညာရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်ခဲ့သည်ဟု သိရသည်။
