Tuesday, July 28, 2026

ASEAN HYUNDAI CUP 2026...

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈...

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန်...

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့...

နေပြည်တော်၊ ဇူလိုင်-၂၈ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့်...

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊...

ရန်ကုန်၊ ဇူလိုင် ၂၈ မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး...
HomeMoviesတိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက...

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ ဆွတ်ခူး

ရန်ကုန်၊ ဇူလိုင် ၂၈

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကာ စုပေါင်းတံခွန်စိုက်ဆုဖလားအပြင် ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုကို ကယားပြည်နယ်အသင်းမှ ဒီမြာ၊ အမျိုးသား အကောင်းဆုံးအားကစားသမားဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ထွန်းလင်းအောင်တို့က ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း ၁၅ သင်းမှ အမျိုးသား၊ အမျိုးသမီး အားကစားသမား စုစုပေါင်း ၂၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ New Clark City Athletics Stadium ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ ပွဲစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် အန်ဒါဆင်က အဝေးကွင်းပွဲဖြစ်၍ ခက်ခဲမည်ဆိုသည်ကို သိရှိထားပြီး ပထမပွဲစဉ်အပြီး...

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့တွင် ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင် (ဦးမောင်ရွှေ - လွိုင်ကော်မဲဆန္ဒနယ် အစား) ၏ ကယားပြည်နယ်အတွင်းရှိ ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၏ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ပေးရေးနှင့်ပတ်သက်သည့်...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ ရေကြီးမှုသတိပေး

နေပြည်တော်၊ ဇူလိုင်-၂၈ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့် မဒေါက်မြို့တို့တွင် မြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်အကွာတွင် ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071