Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternationalရုရှားနှင့်မြောက်ကိုရီးယားဝန်ကြီးများအရေးပါသောဆွေးနွေးပွဲကျင်းပ

ရုရှားနှင့်မြောက်ကိုရီးယားဝန်ကြီးများအရေးပါသောဆွေးနွေးပွဲကျင်းပ

မော်စကို၊နိုဝင်ဘာ ၃

ရုရှားနှင့်ပြုံယမ်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် သောကြာနေ့က မော်စကို၌တွေ့ဆုံကာ အရေးပါသော ညှိနှိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲ၌ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ပေးမည့် အရေးပါသော ဘက်စုံမိတ်ဖက်ဆက်ဆံ‌ရေး သဘောတူစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်မည့် ကတိကဝတ်ကိုထပ်လောင်းအတည်ပြုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် နိုင်ငံတကာပြဿနာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား အရေးကြီးသောဆွေးနွေး တိုင်ပင်မှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။

ယင်းနောက် နိုင်ငံခြားရေးဌာနများအကြား အပြန်အလှန်ဆွေးနွေးမှုများကိုဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်းသိရသည်။

ကိုရီးယားကျွန်းဆွယ်၊အရှေ့မြောက်အာရှနှင့် ကမ္ဘာ့အခြားနေရာများတွင် တင်းမာမှုများတိုးမြင့်လာနေသည့်အဓိကအကြောင်းအရင်းမှာ အမေရိက နှင့် ၎င်း၏လက်အောက်ခံနိုင်ငံများ၏ ရန်စမှုများကြောင့်ဖြစ်ကြောင်း နှစ်ဖက်စလုံးကထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အမေရိက နှင့်၎င်း၏မဟာမိတ်များ၏ ရန်လိုသည့်မူဝါဒကိုဟန့်တားကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ကို ခိုင်မာစေရန် မြောက်ကိုရီးယားခေါင်းဆောင်၏ ဆောင်ရွက်မှုများအတွက် ရုရှားက အပြည့်အဝ ထောက်ခံကြောင်း ကို လည်းဖော်ပြခဲ့သည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင်  ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။ အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071