Friday, June 26, 2026

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက်...

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...

EPS စနစ်ဖြင့် စေလွှတ်သည့် မြန်မာအလုပ်သမား...

အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆...
HomeNewsLocal Newsရန်ကုန်-ပြည်လမ်းတွင် Mini Bus...

ရန်ကုန်-ပြည်လမ်းတွင် Mini Bus ယာဉ်နှင့် ဆိုင်ကယ်တိုက်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ ကလေးငယ် ၁ ဦးနှင့်ဆိုင်ကယ်မောင်းသူသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့ ဩဂုတ်လ ၂ ရက် နံနက်က Mini Bus ယာဉ်(၁)စီးနှင့် ဆိုင်ကယ် တိုက်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ ကလေးငယ် ၁ ဦးနှင့်ဆိုင်ကယ်မောင်းသူသေဆုံးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးရန်ကုန် လိုင်းကားသည် ပရိုဘောက်ကားကိုရှောင်ရာမှ လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်အား၀င်တိုက်မိပြီး လမ်းဘေးထိုးဆင်းကာ အုတ်နံရံကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်မိတဲ့အရှိန်နဲ့ ဆိုင်ကယ်ကောကားကော လမ်းဘေးအထိရောက်သွားတယ် ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေး ၂ ယောက်နဲ့ဆိုင်ကယ်မောင်းတဲ့လူက ကားအောက်ကိုရောက်ပြီး ပိမိသွားတယ် ဆိုင်ကယ်မောင်းတဲ့လူရယ် ဆိုင်ကယ်ပေါ်လိုက်လာတဲ့ ၈ တန်းကျောင်းသူရယ် သေဆုံးပါတယ် နောက်ထပ်ဆိုင်ကယ်ပေါ်မှာပါတဲ့ အသက်(၅)နှစ်အရွယ်လောက် ကလေးကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုထင်လင်းအောင်ကပြောသည်။

အဆိုပါယာဉ်တိုက်မိမှုကြောင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းနှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကားအောက်ရောက်သွားသူများကိုလည်း ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦးနှင့် သေဆုံးသူတို့အား ပုလဲအရန်မီးသတ်စခန်း၊ ပတ္တမြားလူငယ်ပရဟိတအသင်းနှင့် မင်္ဂလာဒုံနာကူအသင်း တို့၏ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိဖမ်းဆီးမိခဲ့သည့် ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုး(၂၇)မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု တစ်ပတ်အတွက် ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် စားအုန်းဆီတစ်ပိဿာလျင်(၇,၂၅၅)ကျပ်ဖြစ်ရာ ယခင် အပတ်ကဖြစ်ပေါ်ခဲ့သော ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျင်(၇,၂၈၅)ထက် (၃၀)ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ချမှတ်မည်

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏ သာယာလှပမှုနှင့် သန့်ရှင်းရေးကို ထိခိုက်လာသဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက တောင်တက်/ဆင်းလမ်းတစ်လျှောက် အမှိုက်အိတ်များ ထားရှိပေးခြင်း၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက ကျူးလွန်သူသည် ငွေဒဏ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒ-ဏ်ငွေ၏ ထက်ဝက်ကို ပြစ်မှုကျူးလွန်သူအား တွေ့ရှိဖမ်းဆီးပေးနိုင်သူအား ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071