ယနေ့ ဩဂုတ် ၁၀ရက် နံနက် ၁၁နာရီခွဲအချိန်မှစတင်၍ ရန်ကုန်မြို့လယ်ခေါင်လယ်ခေါင်အပါအဝင် မြို့နယ်အများစုတွင် လျှပ်စီးလျှပ်ခြင်း၊ မိုးခြိမ်းခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။










အဆိုပါ မိုးရွာသွန်းမှုကြောင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိနေရာအချို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေအနည်းငယ်ဝင်ရောက်ခြင်းများ ရှိနေသည်။
ယခုလ ဩဂုတ် (၁၀)ရက်မှ (၁၅)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ ဘင်္ဂလား ပင် လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ပြည် တွင်း ရေကြောင်းလကြောင်းပျံသန်းရေးခရီးစဥ်များနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ရန် မိုး/ဇလသတိပေးထားသည်။
မိုး/ဇလက အထူးမိုးလေဝသတင်းတစ် ရပ်အဖြင့် ဩဂုတ် (၈ )ရက်နေ့ ည (၇) နာရီအချိန်၌ သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုသို့သော အခြေအနေဖြစ်ပေါ်လာနိုင်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေ ကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တ ရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေ လျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် တစ်ဆက်တည်း သတိပေးထာသည်။
