ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။
ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ကျောက်တန်းနှင့် သုံးခွမြို့နယ်တို့ဖြစ်ပြီး မြို့နယ်များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိနေခြင်းလ ည်း ဖြစ်သည်။
လက်ရှိ၌ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလံ (၂၃၇) သန်းကို ဖြန့်ဖြူးပေးဝေနေကာ ရေအခက်အခဲဖြစ်ပေါ်သည့် နေရာများသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဌာနရှိ ရေကားများဖြင့်လိုက်လံ ပေးဝေဆောင်ရွက်ခြင်း၊ ရေပေးဝေရေးစခန်းများရှိ ရေစုကန်များတွင် ရေတိုင်များထားရှိ၍ ရေကားများ အလွယ်တကူရေရယူနိုင်ရန်ဆောင်ရွက်ထားရှိခြင်း၊ ရေအားဖြည့် အဝီစိတွင်းများကိုလည်း ရပ်ကွက်မီးလာချိန် အချိန်ဇယားများနှင့်ကိုက်ညှိ၍ မောင်းနှင်ပေးနေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – MFSD
